လိုလျှင် အသုံးချ၊ မလိုလျှင် မုန်းကြ။
လိုလျှင် သတိရ၊ မလိုလျှင် မေ့ကြ။
လိုလျှင် ပြုံးပြ၊ မလိုလျှင် မဲ့ကြ။
ပျော်ရွှင် ပြည့်စုံနေပါက၊ ဖေးကူခဲ့သူတွေကို သတိမရ...။
အောင်မြင်မှုတွေရနေက၊ မာန်မာနတွေ ထောင်လွှားကြ။
အားငယ်ချိန်မှာ တမ်းတတာ၊ ကူညီဖေးမမှုကိုပါ။
ဒီအရာတွေက လူ့သဘာဝ၊ နားလည်ပေးနိုင်က၊
နေပျော်စရာ လူ့ဘ၀၊ ရလာနိုင်မှာပါ။
調理師でさまざまな条件を検索できる求人サイト
5 years ago
အသုံးမချ၊ သတိမရဘူး ဆိုရင်တောင် မုန်းကြမေ့ကြတာ မဖြစ်အောင် ကိုယ်စီကိုယ်စီ ဂရုစိုက်သင့်တယ်။
ReplyDeleteကိုယ့်အတ္တတွေပဲ ရှေ့တန်းတင်နေရင် လူ့အဖွဲ့အစည်းမှာ ပိုပြီးအေးစက် စိမ်းကားသွားလိမ့်မယ်။ ရန်ပွဲတွေ စစ်ပွဲတွေနဲ့ ပိုနီးလာလိမ့်မယ်။
အင်း.. အဲတာကိုက လူပီသတယ်ဆိုရမလား... :P.. ဒါပေမယ့်လေ.. လူ့လောကမှာ အဲဒါတွေကို တွေးလို့ စိတ်နာနေလို့လည်းမရပြန်ပါဘူး... ကိုယ်ကိုယ်တိုင်တောင် တစုံတယောက်အတွက် အဲလိုမျိုးဖြစ်ရင်ဖြစ်နေနိုင်သေးတယ်.... သတိမမူမိပဲနဲ့ပေါ့..... (ခုမှလာဖတ်ဖြစ်တယ်. ဘယ်တုန်းကရေးထားတာပါလိမ့်.. )
ReplyDeleteခင်မင်တဲ့
နေ၀သန်