Monday 3 January 2011

ဖြစ်တတ်တဲ့ လူ့သဘာဝ

လိုလျှင် အသုံးချ၊ မလိုလျှင် မုန်းကြ။

လိုလျှင် သတိရ၊ မလိုလျှင် မေ့ကြ။

လိုလျှင် ပြုံးပြ၊ မလိုလျှင် မဲ့ကြ။

ပျော်ရွှင် ပြည့်စုံနေပါက၊ ဖေးကူခဲ့သူတွေကို သတိမရ...။

အောင်မြင်မှုတွေရနေက၊ မာန်မာနတွေ ထောင်လွှားကြ။

အားငယ်ချိန်မှာ တမ်းတတာ၊ ကူညီဖေးမမှုကိုပါ။

ဒီအရာတွေက လူ့သဘာဝ၊ နားလည်ပေးနိုင်က၊

နေပျော်စရာ လူ့ဘ၀၊ ရလာနိုင်မှာပါ။

2 comments:

  1. အသုံးမချ၊ သတိမရဘူး ဆိုရင်တောင် မုန်းကြမေ့ကြတာ မဖြစ်အောင် ကိုယ်စီကိုယ်စီ ဂရုစိုက်သင့်တယ်။
    ကိုယ့်အတ္တတွေပဲ ရှေ့တန်းတင်နေရင် လူ့အဖွဲ့အစည်းမှာ ပိုပြီးအေးစက် စိမ်းကားသွားလိမ့်မယ်။ ရန်ပွဲတွေ စစ်ပွဲတွေနဲ့ ပိုနီးလာလိမ့်မယ်။

    ReplyDelete
  2. အင်း.. အဲတာကိုက လူပီသတယ်ဆိုရမလား... :P.. ဒါပေမယ့်လေ.. လူ့လောကမှာ အဲဒါတွေကို တွေးလို့ စိတ်နာနေလို့လည်းမရပြန်ပါဘူး... ကိုယ်ကိုယ်တိုင်တောင် တစုံတယောက်အတွက် အဲလိုမျိုးဖြစ်ရင်ဖြစ်နေနိုင်သေးတယ်.... သတိမမူမိပဲနဲ့ပေါ့..... (ခုမှလာဖတ်ဖြစ်တယ်. ဘယ်တုန်းကရေးထားတာပါလိမ့်.. )


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete

ဒီပို့စ်လေးကို ဖတ်ပြီးတဲ့အခါ ခံစားချက်လေးတွေ ၊ထင်မြင်ချက်လေးတွေ မျှဝေခဲ့ကြပါနော်။
အားလုံးကို ကျေးဇူးတင်လျှက်
ချင်းတွင်းသူ