Friday 14 January 2011

ခရီးသွားခြင်းရဲ့ အကျိုး

ခရီးသွားခြင်း အကျိုး ဆိုလို့ ခရီးသွားလို့ ရလာတဲ့ ဗဟုသုတ၊ အတွေ့အကြုံတွေလို့ ထင်ရင်တော့ လုံးဝချည်းကို လွဲသွားမယ် စာဖတ်သူများရေ...။ အခုရေးမယ့် ပို့စ်လေးကတော့ ခရီးသွားတဲ့ရက်မှာ အဆောင်က သန့်ရှင်းရေး လုပ်တဲ့ရက်နဲ့က တိုက်နေတော့ အစားပြန်လုပ်ပေးရတဲ့ အကြောင်းလေးပါ။ ဂျပန်မှာ ပေါက်ပြားပေါက်ဖူးတဲ့ အတွေ့အကြုံလေးတော့ ရသွားတာပေါ့။ အဆောင်က ၂လ ၁ကြိမ် အမြဲ သန့်ရှင်းရေးလုပ်တယ်။ ဒီလောက် ၂လ ၁ကြိမ်တည်း လုပ်တာကို ခရီးထွက်တာနဲ့ ကြုံဖြစ်အောင်ကြုံတာ။

ပထမ တစ်ခါကတော့ ပေါက်ပြားပေါက်ရဘူး။ အဆောင်ရှေ့က သစ်ပင်တွေမှာ အရွက်တွေကြွေတော့ သစ်ရွက်ခြောက်လေးတွေဘဲ တံမြက်စည်းလှဲရုံဘဲ။ ဒီတခါတော့ သစ်ပင်မှာ အရွက်တွေ မရှိတော့လို့ သန့်ရှင်းရေး သိပ်လုပ်စရာ မရှိလောက်ဖူးလို့ သူငယ်ချင်းကပြောတယ်။ ဒါပေမယ့် ဒီနေ့ သန့်ရှင်းရေးလုပ်ဖို့ အဆောင်မှုးဆီကို သွားတော့ ရုံးခန်း အ၀မှာ ပေါက်ပြားက အဆင့်သင့် စောင့်နေတယ်။ အဲဒီကျမှ မုန့်ဟင်းခါးကို အကြော်တွေ၊ ဘာတွေနဲ့ စားရတော့မယ် ဆိုတာ သိလိုက်တော့တယ်။ အဆောင်မှုးက မြက်ပေါက်ရမယ့်နေရာ ခေါ်သွားပြီး မြက်ပေါက်ခိုင်းတော့တာဘဲ။ တော်သေးတယ်။ အခြား အဖော် ၂ယောက် ရှိသေးလို့။ ဂျပန်မှာ ပေါက်ပြားပေါက်ရတဲ့ အမှတ်တရ ပေါက်ပြားလေးကို ဓါတ်ပုံကို ရိုက်ထားချင်တာ။ မှတ်မှတ်ရရပါဘဲ။ ခရီးသွားလို့ ရတဲ့ သူများတွေနဲ့ မတူတဲ့ အကျိုး.....။

4 comments:

  1. ဒီပို့စ်လေး ဖတ်ပြီးတော့ ကျောင်းတုန်းက အဖြစ်လေးကို သတိယမိတယ်။ချင်းတွင်းသူလိုပဲ ကျမတို့ ကျောင်းတက်တုန်းက ပိတ်ရက်ထက် ကျော်ပြီး ကျိုက်ထီးရိုးကို အလည်လွန်သွားကြလို့ တစ်ဆောင်လုံးရဲ့ အမှိုက်တွေ လိုက်ကောက်ခဲ့ရဘူးတယ် ။ ဒါပေမယ့် ပျော်ပါတယ်လေ။တစ်ဖွဲ့ လုံးဆိုတော့ ပျော်ပျော်ကြီး ကောက်ကြတာပေါ့။:)
    စကားမစပ်..ပေါက်ပြား ဒါတ်ပုံလေးရော တင်တော့ဘူးလား..:P

    ReplyDelete
  2. သူငယ်ချင်းရေ မုန့် ဟင်းခါးက တော်တော်မှ ကောင်းရဲ့ လား။ ခုနက ပိုစ့်က ရေးနေတုန်း enter ကို မှားခေါက်မိပြီး တက်သွားတာ။ ခုမှ ရေးပြီးလို့ ထပ်တင်ထားတယ်။

    ReplyDelete
  3. @ညယံ..ကင်မရာပါမသွားလို့ ရိုက်လိုက်ရဘူး။ :(
    @ကိုဘလက်. မုန့်ဟင်းခါးက စားကောင်းတာတော့ ဘာပြောကောင်းမလဲ..။ အရသာကို ရှိလိုက်တာ။ ဟိဟိ :)

    ReplyDelete

ဒီပို့စ်လေးကို ဖတ်ပြီးတဲ့အခါ ခံစားချက်လေးတွေ ၊ထင်မြင်ချက်လေးတွေ မျှဝေခဲ့ကြပါနော်။
အားလုံးကို ကျေးဇူးတင်လျှက်
ချင်းတွင်းသူ