Wednesday 4 August 2010

အပြုံးကြွယ်မယ်၊ ခရီးသည်

လူသားတွေအားလုံးဟာ ဘဝသံသရာရထားကြီးကို စီးရင်း လိုရာခရီးကို

ရောက်အောင် လျှောက်လှမ်း နေကြရတဲ့ ခရီးသည်တွေပါ…။

ဒီရထားကြီးပေါ်မှာလည်း စီးနင်းလိုက်ပါ လာသူတွေကလည်း

အရွယ်စုံ၊ လူမျိုးစုံတွေဖြစ်ပါတယ်။ ဒါ့အပြင် ရည်ရွယ်ချက်တွေကလည်း

အမျိုးစုံပါဘဲ။ ဒါပေမယ့်လည်း တူညီတဲ့ အချက်တစ်ခုကတော

မိမိတို့ရည်မှန်းထားတဲ့ ပန်းတိုင်ကို ပျော်ရွင်အေးချမ်းစွာနဲ့

ရောက်ရှိလိုတဲ့ ဆန္ဒလေးဘဲ ဖြစ်ပါတယ်။

ရထားစီးရင်း ခရီးသွားကြတဲ့အခါ တစ်ဦးနဲ့တစ်ဦး ခင်မင်ရင်နှီးလာကြ၊

မိတ်ဆွေတွေဖြစ်လာကြပါတယ်။ ခရီးလမ်း တစ်လျှောက်မှာလည်း

တစ်ဦးနဲ့တစ်ဦး ရိုင်းပင်းကူညီ ကြပါတယ်။ အခက်အခဲတွေ ရှိလာပြန်လည်း

ခရီးသွားဖော်ချင်း ဝိုင်းဝန်းဖြေရှင်း ပေးကြပါတယ်။ ဒါတွေဟာ ဘယ်လိုမှ

ပြောင်းလဲလို့မရတဲ့ မြန်မာလူမျိုးတွေရဲ့ ချစ်စရာကောင်းတဲ့

ဓလေ့စရိုက်လေးတွေဘဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ဘဲ လိုရာခရီးကိုရောက်ဖို့

သံသရာရထားကြီးကို စီးပြီး ခရီးသွား နေကြရပါတယ်။ ဒီလိုခရီးသွားရင်းနဲ့ဘဲ

လိုရာခရီးကိုရောက်လို့ မိမိတို့နဲ့ သက်ဆိုင်ရာ ဘူတာတွေမှာ ဆင်းပြီးနေခဲ့

ကြသူတွေလည်း ရှိပါတယ်။ အဲဒီအခါမှာကျန်ခဲ့တဲ့သူတွေက ဝမ်းနည်းရသလို၊

ချန်ထားခဲ့ရသူရဲ့ ရင်ထဲမှာလည်းကြေကွဲမှုတွေ ခံစားရပါတယ်။ အတူနေပြီး

ခရီးသွားနေစဉ်မှာ ချစ်ချစ်ခင်ခင် ပျော်ရွှင်စွာ နေခဲ့ကြတဲ့အချိန်တွေ ရှိသလို၊

စိတ်သဘောထား မတိုက်ဆိုင်လို့ အမုန်းတရားတွေ ဖြစ်လာတွေသူတွေလည်း

ရှိကြပါတယ်။ လူအမျိုးမျိုး စိတ်အထွေထွေ ရှိတတ်ကြတာ

သဘာဝဘဲ ဖြစ်ပါတယ်။ အမြင်ကြည်လင်ပြီး ချစ်ခင်နေကြတဲ့

အချိန်ကလေးကတော့ ဘယ်လိုလူမျိုးအတွက် မဆို မင်္ဂလာရှိပြီး

ပျော်စရာကောင်းတဲ့ အချိန်လေးဖြစ်ပါတယ်။ တစ်ခရီးထဲမှာ

အတူသွားကြတဲ့ ခရီးဖော်အချင်းချင်း မေတ္တာစိတ်ထားပြီး ပျော်ရွှင်စွာနဲ့

နေထိုင်သူတွေလည်း ရှိပါတယ်။ ဒေါသ မာန်မာန တွေ ထားတတ်တဲ့

သူတွေလည်း ရှိတတ်ပါတယ်။ ခရီးသွားဖော် အချင်းချင်း တစ်ဦးနဲ့တစ်ဦး

ညှိယူပြီး နားလည်မှုလေးတွေနဲ့ နေနိုင်ကြရင် အကောင်းဆုံး ဖြစ်ပါတယ်။

ခရီးသည်များ အားလုံး ကလည်း ဒီဘဝသံသရာ ရထားကြီးကို

စီးပြီး လိုရာ ခရီးကို ဆက်လက် လျှောက်လှမ်း နေကြမှာ ဖြစ်သလို

ဘ၀သံသရာ ဆိုတဲ့ ရထားကြီးကလည်း ခုတ်မောင်းမြဲ ခုတ်မောင်း

နေအုန်းမှာဘဲ ဖြစ်ပါတယ်။ တစ်ခရီးတည်းသွား ခရီးသည် တွေ မို့ ဒီလို

တွေ့ကြ ဆုံခိုက် တခဏလေးမှာ အမုန်းတွေ ဖယ်ပြီး အပြုံးကြွယ်

ကြရအောင် ပါ…။