skip to main
|
skip to sidebar
Monday, 29 November 2010
ရွက်ကြွေချိန်
ရွက်ဝါကြွေကျ၊ နွေကာလ
လွမ်းဆွေးသလို ခံစားရ။
ရော်ရွက်နီတွေ၊ ကြွေကာကျ
ဆောင်းဦးမှာလဲ လွမ်းဆွေးရ။
သို့ပေသော်လည်း...
ရွက်ဝါကြွေမှ နွေအလှ၊
ရွက်နီကြွေမှ ဆောင်းဦးအလှ၊
ပိုမိုပြည့်စုံ လှလှပ။
(မှတ်ချက်။ ။ နွေရာသီ ဓါတ်ပုံ ရှာမတွေ့လို့နော်။)
Sunday, 28 November 2010
သူတို့တွေလည်း လဲတတ်ပါတယ်...
ငယ်ငယ်က သင်ခဲ့ရတဲ့ စာလေးကို ပြန်သတိရမိပါတယ်။
"လဲနေသူ ထူပေးပါ။
အားငယ်သူကို အားပေးပါ။"
တဲ့...။
လောကမှာ အားငယ်သူကို အားပေးရမယ်။ ဖေးမရမယ် ဆိုတာဟာ လူတိုင်းရဲ့ ရင်ထဲမှာ ရှိနေတတ်တဲ့ အသိလေးတစ်ခုပါ။ ဒါပေမယ့်လည်းလေ အားမငယ်တတ်တဲ့သူရယ်လို့ မရှိကြပါဘူး။ အားမငယ်အောင်၊ လဲမကျအောင် ကိုယ့်ကိုယ်ကို ထိန်းပြီးနေကြတာပါ။ ဒါပေမယ့် ဒီအချက်ကို သတိမထားမိသူတွေ ရှိတယ်။ အားငယ်သူတွေမှာဘဲ အားငယ်တတ်တာ မဟုတ်ပါဘူး။ အားမငယ်တတ်အောင် နေတတ်သူတွေမှာလည်း အားငယ်စိတ်လေးတွေ ရှိတတ်ကြပါတယ်။ ကြားဖူးတဲ့ စကားလေးလည်းရှိပါတယ်။ လူတစ်ယောက်က သူရဲ့ ပုံစံ၊ အမူအရာက သာမာန်သူတွေထက်ကို ပိုပြီးတင်းလွန်းတာတို့၊ သူပုံစံက ဘာမဆို လုပ်ဆောင်နိုင်တဲ့ ပုံစံမျိုးတို့ ရှိလာခဲ့ရင် သူ့နောက်ကွယ်မှာ အားနည်းချက် တစ်ခုခုကတော့ရှိနေတတ်ပါတယ်တဲ့။ ဒီလိုပုံစံကို ကိုယ်တွေ့ ကြုံဖူးပါတယ်။ အမှန်တကယ်လည်း သူ့မှာ အားငယ်စရာ၊ အားနည်းချက် အကြောင်းအရာ ရှိနေခဲ့ပါတယ်။ အားငယ်သူတွေကို အားပေး၊ လဲနေသူတွေကို ထူပေးကြသလို၊ အားမငယ်တတ်ဖူးလို့ထင်ရသူတွေကို အားမပေးခဲ့ရင်၊ ထူမပေးခဲ့ရင်တောင်မှ ဖြည့်ပြီးတွေးပေးသင့်တယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့လေးတွေလည်း လဲတတ်ပါတယ်။
Monday, 22 November 2010
လာလည်ကြပါနော်..။
ဘလော့ခ်ဂါ မောင်နှမများအတွက် တန်ဆောင်တိုင် အမှတ်တရ စတုဒီသာဖြင့် တည်ခင်း ဧည့်ခံ လိုက်ပါတယ်။ အားပေး သုံးဆောင် သွားကြပါနော်။
အခါကြီး ရက်ကြီးမှာ သက်သတ်လွတ်စားတတ်ကြတဲ့ မောင်နှမများ အတွက်ရော အဆင်ပြေအောင် အားလုံး အတွက် သက်သတ်လွတ် ကြာဇံကြော်လေးပါ။
ကြာဇံကြော် သုံးဆောင်ပြီးတဲ့အခါ အချိုတည်းဖို့ အတွက် ကျောက်ကျောနဲ့ လက်ဖက်သုပ် စီစဉ် ပေးထားပါတယ်။ အားမနာတမ်း စိတ်ကြိုက် အားပေး သုံးဆောင်ကြပါနော်။
တန်ဆောင်တိုင် အမှတ်တရ
ချင်းတွင်းသူ
Saturday, 20 November 2010
ကျေနပ်နိုင်ပါစေ။
ပန်းလေးတစ်ပွင့် ပန်ဆင်လိုက်လို့
ချီးမွမ်းပြောကြ သူ့အလှ
ကျေနပ်နေမိ ပန်းကလေးက။
ဆားလေးတစ်ပွင့် ထည့်ချက်လိုက်လို့
အရသာရှိလှ ဟင်းတစ်ခွက်ရ
ကျေနပ်နေမိ ဆားကလေးက။
သူတို့တွေလို.....
သူတစ်ပါး ဘ၀အလှ၊ မိမိက
ဖြည့်ပေးလို့လှ၊ ရှိလာက
ထုတ်ဖော်မပြု၊ ချီးမွမ်းမှုကို
ကျေနပ်နိုင်ပါစေ။
Sunday, 10 October 2010
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆို...
လူတစ်ခု၊ ပူမှုရယ်တဲ့ ဆယ်ကုဋေတဲ့။ လူတိုင်းလူတိုင်းမှာ ပူပင်မှု၊ တောင်းတမှု လိုအင်ဆန္ဒတွေ က အစဉ်အမြဲ ရှိနေတတ်ပါတယ်။ ပူပင်မှုရှိတိုင်း အေးငြိမ်းဖို့၊ တောင်းတစရာရှိတိုင်း ရရှိဖို့၊ လိုအင်ဆန္ဒတွေ ရှိလာတိုင်း ပြည့်ဝဖို့ဆိုတာတွေ အစဉ်အမြဲဖြစ်နေရင် အကောင်းဆုံးပါ။ ဒါပေမယ့် လိုအပ်တိုင်းလည်း မရနိုင်သလို၊ တောင်းတတိုင်းလည်း ပြည့်ဖို့ ဆိုတာ မဖြစ်နိုင်ပြန်ဘူး။ လိုအင်ဆန္ဒတွေ၊ တောင်းတစရာတွေ ရှိလာတဲ့အခါ ဆုတောင်းကြပါတယ်။ ဆုတောင်းတိုင်းကလည်း မပြည့်ဝနိုင်ပါဘူး။ ဒါကြောင့် အဆိုတော် စိုးစန္ဒာထွန်းရဲ့ သီချင်းစာသားလေးလိုပါဘဲ..။
"ဆုတောင်းတိုင်းသာ ပြည့်စေချင်ပါသည်။"
ဆုတောင်းတိုင်းသာ ပြည့်ကြမယ် ဆိုရင်ပေါ့လေ....။ :)
Tuesday, 5 October 2010
မြတ်ဆရာ
ငယ်စဉ်ဘ၀၊ ကျောင်းနေစမှ
လူကောင်း၊လူမွန် ဖြစ်စေဖို့ရေး
ဆုံးမသွန်သင်၊ လမ်းပြညွှန်တဲ့
ဆရာသခင်၊ ကျေးဇူးရှင်။
တပည့်များဘ၀၊ မြင့်မားက
ပီတိဖြာကာ၊ ၀မ်းမြောက်စွာနဲ့
ကျေနပ်နေတာ၊ မြတ်ဆရာ။
အားငယ်ချိန်ခါ၊ ရှိပြန်ပါလည်း
ဖေးမကူတာ၊ မြတ်ဆရာ။
ကျေးဇူးကြီးမား၊ မြတ်ဆရာများ၏
ဂုဏ်အင်များစွာ၊ အဖြာဖြာကို
ဂီတ စာပေ၊ ပညာတွေနဲ့
ညွှန်းဆိုပြကာ၊ ဖွဲ့နွဲ့ဆိုလည်း
မှီအံ့မထင်၊ များဂုဏ်အင်။
(ကမ္ဘာ့ဆရာများနေ့ အမှတ်တရ)
Friday, 1 October 2010
အချိန်
အချိန်...
တူညီတဲ့ ပမာဏ၊
စောင့်ရတဲ့ သူအတွက်
ကြာသလောက်၊
မကုန်ဆုံး ချင်တဲ့ သူအတွက်
မြန်လိုက်တာနော်။
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)
ချင်းတွင်းအိမ်
ဖန်တီးထားသူလေးက
chindwinthu
View my complete profile
မှတ်တမ်းလေးများစုစည်းထား
ဝတ္ထု
(3)
ကဗျာ
(6)
ခံစားချက်များ ဖွင့်ဟရာ…
(11)
မျှဝေခံစားခြင်း
(3)
တွေးမိတွေးရာ
(10)
ရေးမိရေးရာ
(5)
မျှဝေခံစား သူတို့စာများ
sindecafe.com
調理師でさまざまな条件を検索できる求人サイト
7 years ago
Jittoo(Monywa)
ကျွန်တော်နှင့် အမျှင်
8 years ago
ရင်ဖွင့်ရာ.. စာမျက်နှာ...
Just a minute
11 years ago
ဘလော့အကြောင်းနည်းပညာ
FaceBook Account အခမဲ့ဖွင့်ပေးမည်။
12 years ago
VISITOR
ဆွေးနွေးပွဲက အတွေ့အကြုံ
13 years ago
lonetone
အမေရိကားမှာ တစ်လတာ
13 years ago
လွန်းထားထား(ဆေးတက္ကသိုလ်)
မြစ်ကျိုးအင်း
Nine Nine SaNay
လသာည
ကြယ်စင်တို့ရဲ့ ရင်ခတ်သံ
နှုတ်ဆက်သွားချင်ဘူးလားး)
ရေးသားထားတဲ့မှတ်တမ်းလေး
▼
2011
(7)
▼
March
(1)
ပြန်လည်ဆုံတွေ့ကြပါစို့....။
►
February
(2)
►
January
(4)
►
2010
(33)
►
December
(3)
►
November
(5)
►
October
(3)
►
September
(5)
►
August
(1)
►
July
(5)
►
June
(5)
►
May
(3)
►
April
(3)
ယခုအထိ အိမ်လည်လာသူပေါင်း
powered by web analytics website
လာရောက်လည်ပတ်သူများ
Feedjit Live Blog Stats
Followers