Sunday 10 October 2010

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆို...

လူတစ်ခု၊ ပူမှုရယ်တဲ့ ဆယ်ကုဋေတဲ့။ လူတိုင်းလူတိုင်းမှာ ပူပင်မှု၊ တောင်းတမှု လိုအင်ဆန္ဒတွေ က အစဉ်အမြဲ ရှိနေတတ်ပါတယ်။ ပူပင်မှုရှိတိုင်း အေးငြိမ်းဖို့၊ တောင်းတစရာရှိတိုင်း ရရှိဖို့၊ လိုအင်ဆန္ဒတွေ ရှိလာတိုင်း ပြည့်ဝဖို့ဆိုတာတွေ အစဉ်အမြဲဖြစ်နေရင် အကောင်းဆုံးပါ။ ဒါပေမယ့် လိုအပ်တိုင်းလည်း မရနိုင်သလို၊ တောင်းတတိုင်းလည်း ပြည့်ဖို့ ဆိုတာ မဖြစ်နိုင်ပြန်ဘူး။ လိုအင်ဆန္ဒတွေ၊ တောင်းတစရာတွေ ရှိလာတဲ့အခါ ဆုတောင်းကြပါတယ်။ ဆုတောင်းတိုင်းကလည်း မပြည့်ဝနိုင်ပါဘူး။ ဒါကြောင့် အဆိုတော် စိုးစန္ဒာထွန်းရဲ့ သီချင်းစာသားလေးလိုပါဘဲ..။ "ဆုတောင်းတိုင်းသာ ပြည့်စေချင်ပါသည်။" ဆုတောင်းတိုင်းသာ ပြည့်ကြမယ် ဆိုရင်ပေါ့လေ....။ :)

5 comments:

  1. ဆုတောင်းတိုင်းပြည့်စေချင်ပါသည်.......အဘယ့်ကြောင့်ဆိုသော်
    အသက်က တဖြည်းဖြည်းကြီးလာပြီလေ......တောင်းတဲ့ဆုနဲ့ပြည့်စေသတည်း.................................

    ReplyDelete
  2. ပြည့်စေ ...............

    ReplyDelete
  3. ဟုတ်တယ် .ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် ဘာမှ မလုပ်ဘဲ ထိုင်ပြီး ဆုတောင်းနေတာဘဲ ကောင်းတယ် ဖြစ်ချင်တာတော့ အများကြီးဘဲ အခုတော့ ဆုတောင်းတိုင်းမပြည့်တော့လည်း ကြိုးစားဆဲပေါ့

    ReplyDelete
  4. ဘာလုပ်မှာလဲ.. ဆုတောင်းတိုင်းသာပြည့်ရင်....

    ReplyDelete
  5. ဆုတောင်းတိုင်းသာပြည့်စေချင်ရင် ကျွန်တော်ဆုတောင်းလိုက်မယ် သူဌေးကြီးဖြစ်ရပါစေသား။

    ReplyDelete

ဒီပို့စ်လေးကို ဖတ်ပြီးတဲ့အခါ ခံစားချက်လေးတွေ ၊ထင်မြင်ချက်လေးတွေ မျှဝေခဲ့ကြပါနော်။
အားလုံးကို ကျေးဇူးတင်လျှက်
ချင်းတွင်းသူ