Tuesday 5 October 2010

မြတ်ဆရာ

ငယ်စဉ်ဘ၀၊ ကျောင်းနေစမှ

လူကောင်း၊လူမွန် ဖြစ်စေဖို့ရေး

ဆုံးမသွန်သင်၊ လမ်းပြညွှန်တဲ့

ဆရာသခင်၊ ကျေးဇူးရှင်။

တပည့်များဘ၀၊ မြင့်မားက

ပီတိဖြာကာ၊ ၀မ်းမြောက်စွာနဲ့

ကျေနပ်နေတာ၊ မြတ်ဆရာ။

အားငယ်ချိန်ခါ၊ ရှိပြန်ပါလည်း

ဖေးမကူတာ၊ မြတ်ဆရာ။

ကျေးဇူးကြီးမား၊ မြတ်ဆရာများ၏

ဂုဏ်အင်များစွာ၊ အဖြာဖြာကို

ဂီတ စာပေ၊ ပညာတွေနဲ့

ညွှန်းဆိုပြကာ၊ ဖွဲ့နွဲ့ဆိုလည်း

မှီအံ့မထင်၊ များဂုဏ်အင်။

(ကမ္ဘာ့ဆရာများနေ့ အမှတ်တရ)

7 comments:

  1. တကဲ.ကိုအနှစ်သာရရှိပြီး၊ကောင်းတဲ.ကဗျာလေးပါ။ဆရာသမားများကိုလဲအမြဲသတိရမိပါတယ်......ဆက်လက်ရေးပေးစေချင်ပါတယ်။

    ReplyDelete
  2. ကမ္ဘာ့ဆရာများနေ့ အမှတ်တရ ကဗျာလေးပေါ.............
    အရမ်းကောင်းပါတယ်.....


    အားပေးလျှက်..........

    ReplyDelete
  3. အာစရိယ ဂုဏံ အဟံ ၀န္ဒာမိ ။

    ReplyDelete
  4. ကောင်းတယ်/ ဆက်လက်အောင်မြင်ပါစေ..း))
    LTN

    ReplyDelete
  5. ချင်းတွင်းသူဘဲလေ- - - -ကောင်းပေမပေါ့-
    ထပ်ပြီးဖြည့်စွက်စရာမလိုအောင်ကောင်းပါတယ်ဗျာ-

    ReplyDelete
  6. အခုလို လာလည် ဖတ်ရှုပြီး အားပေးကြလို့ နောက်ထပ် ဆက်ရေးဖို့ အားရှိသွားပြီ :) ။ အားလုံးကို ကျေးဇူး အထူးတင်ပါတယ်ရှင် :) ။

    ReplyDelete
  7. ကဗျာလေးကိုဖတ်ပြီးဆရာဖြစ်ရတဲ့ဘဝကိုပိုတန်ဖိုးထားလာမိလို့....
    ကျေးဇူးပါကဗျာဆရာ........................

    ReplyDelete

ဒီပို့စ်လေးကို ဖတ်ပြီးတဲ့အခါ ခံစားချက်လေးတွေ ၊ထင်မြင်ချက်လေးတွေ မျှဝေခဲ့ကြပါနော်။
အားလုံးကို ကျေးဇူးတင်လျှက်
ချင်းတွင်းသူ