ရခဲလှတဲ့ လူ့ဘ၀မှာ ရှေးဘ၀၊ဘ၀က ရေစက်တွေကြောင့် ဘ၀ရဲ့ အချိုးအကွေ့တွေမှာ တွေ့ကြ၊ဆုံကြ၊ ခင်မင်ကြရတယ်။ တွေ့ဆုံခြင်းဟာ ခွဲခွာခြင်းရဲ့အစ ဖြစ်သလို၊ ခွဲခွာခြင်းကလည်း တွေ့ဆုံဖို့အတွက် အစတစ်ခုပါ။ တွေ့ကြ၊ဆုံကြရတဲ့ အခိုက်မှာ အချင်းချင်း စကြ၊ နောက်ကြနဲ့ ပျော်ရွှင်ခဲ့ကြသလို၊ စိတ်ချင်းမတိုက်ဆိုင်တဲ့အခါမှာလည်း စိတ်ဆိုးကြ၊ စိတ်ကောက်ကြနဲ့ပေါ့။ ပျော်ခဲ့တာလေးတွေဘဲဖြစ်ဖြစ်၊ စိတ်ဆိုး၊ စိတ်ကောက်ခဲ့တာလေးတွေဘဲဖြစ်ဖြစ်... ဒါတွေအားလုံးဟာ တစ်ချိန်ကြရင် အမှတ်ရစရာလေးတွေဖြစ်နေမှာပါ။ တစ်ချိန်က ခင်မင်ပျော်ရွှင်ခဲ့ကြရတဲ့သူတွေကိုလည်း အဲဒီအမှတ်ရမှုလေးတွေနဲ့အတူ သတိရနေကြမှာပါ..။
ဒီဘလော့ခ်လေးကနေတဆင့်ခင်မင်ခဲ့ကြတဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေရော၊ အတူစား၊အတူသွားခဲ့ကြတဲ့ သူငယ်ချင်းတွေရော အမြဲအမှတ်ရနေမှာပါ..။ မကြာခင် ကိုယ့်မွေးရပ်မြေကို ပြန်ရတော့မှာမို့ သူငယ်ချင်း မိတ်ဆွေများ အားလုံးကို ဒီဘလော့ခ်လေးကနေတဆင့် နှုတ်ဆက်စကားတော့မဆိုချင်ပါဘူး...။ ရေစက်မကုန်ဘဲ ပြန်လည်ဆုံတွေ့ကြပါစို့လို့ ပြောချင်ပါတယ်...။
調理師でさまざまな条件を検索できる求人サイト
5 years ago
ဘယ်ပဲရောက်ရောက် ကျန်းမာချမ်းသာပြီး အောင်မြင်သောဘ၀ကို ပိုင်ဆိုင်နိုင်ပါစေလို့.. ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ...း))
ReplyDeleteခင်မင်လျက်
နေ၀ဿန်