Sunday 28 November 2010

သူတို့တွေလည်း လဲတတ်ပါတယ်...

ငယ်ငယ်က သင်ခဲ့ရတဲ့ စာလေးကို ပြန်သတိရမိပါတယ်။

"လဲနေသူ ထူပေးပါ။
အားငယ်သူကို အားပေးပါ။"
တဲ့...။

လောကမှာ အားငယ်သူကို အားပေးရမယ်။ ဖေးမရမယ် ဆိုတာဟာ လူတိုင်းရဲ့ ရင်ထဲမှာ ရှိနေတတ်တဲ့ အသိလေးတစ်ခုပါ။ ဒါပေမယ့်လည်းလေ အားမငယ်တတ်တဲ့သူရယ်လို့ မရှိကြပါဘူး။ အားမငယ်အောင်၊ လဲမကျအောင် ကိုယ့်ကိုယ်ကို ထိန်းပြီးနေကြတာပါ။ ဒါပေမယ့် ဒီအချက်ကို သတိမထားမိသူတွေ ရှိတယ်။ အားငယ်သူတွေမှာဘဲ အားငယ်တတ်တာ မဟုတ်ပါဘူး။ အားမငယ်တတ်အောင် နေတတ်သူတွေမှာလည်း အားငယ်စိတ်လေးတွေ ရှိတတ်ကြပါတယ်။ ကြားဖူးတဲ့ စကားလေးလည်းရှိပါတယ်။ လူတစ်ယောက်က သူရဲ့ ပုံစံ၊ အမူအရာက သာမာန်သူတွေထက်ကို ပိုပြီးတင်းလွန်းတာတို့၊ သူပုံစံက ဘာမဆို လုပ်ဆောင်နိုင်တဲ့ ပုံစံမျိုးတို့ ရှိလာခဲ့ရင် သူ့နောက်ကွယ်မှာ အားနည်းချက် တစ်ခုခုကတော့ရှိနေတတ်ပါတယ်တဲ့။ ဒီလိုပုံစံကို ကိုယ်တွေ့ ကြုံဖူးပါတယ်။ အမှန်တကယ်လည်း သူ့မှာ အားငယ်စရာ၊ အားနည်းချက် အကြောင်းအရာ ရှိနေခဲ့ပါတယ်။ အားငယ်သူတွေကို အားပေး၊ လဲနေသူတွေကို ထူပေးကြသလို၊ အားမငယ်တတ်ဖူးလို့ထင်ရသူတွေကို အားမပေးခဲ့ရင်၊ ထူမပေးခဲ့ရင်တောင်မှ ဖြည့်ပြီးတွေးပေးသင့်တယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့လေးတွေလည်း လဲတတ်ပါတယ်။

2 comments:

  1. မှန်လိုက်လေ..။ လူတိုင်း အားငယ်တတ်တာပေါ့ ညီမလေးရယ်

    အခု အစ်မလည်း အားငယ်နေတယ် ညီမလေး.
    လာအားပေးပါဦးး)

    ReplyDelete
  2. အားငယ်စိတ်ဆိုတာ အနည်းနဲ့ အများတော့ ရှိကြတာပါပဲ
    ဒါကို မေ့ဖျောက်ပြီး တပါးသူတွေကို ကူညီနိင်တာ နည်းတဲ့
    စွမ်းရည်မဟုတ်ဘူး

    ReplyDelete

ဒီပို့စ်လေးကို ဖတ်ပြီးတဲ့အခါ ခံစားချက်လေးတွေ ၊ထင်မြင်ချက်လေးတွေ မျှဝေခဲ့ကြပါနော်။
အားလုံးကို ကျေးဇူးတင်လျှက်
ချင်းတွင်းသူ