နံနက်စောစော ပြတင်းတံခါးကို ဖွင့်ပြီး အပြင်ဘက်ကို ကြည့်လိုက်မိတဲ့အခါ မြင်လိုက်ရတဲ့ မြင်ကွင်းလေးတွေကြောင့် စိတ်ကြည်နူးမှုတွေ ခံစားရသလို၊ တဆက်ထဲမှာဘဲ အားကျမှုလေးတွေပါ ကပ်ပါလာခဲ့တယ်။
:) ပျော်ပျော်ရွှင်ရွှင် တေးသီနေကြတဲ့ ငှက်ကလေးတွေ
:) လေယူရာတိမ်း ယိမ်းနွဲ့ကနေကြတဲ့ ကောက်ပင်လေးတွေ
:) သစ်ပင်၊ ပန်းမန်လေးတွေကို ကလူကျီစယ်နေတဲ့ လေညှင်းလေးတွေ
:) နေရဲ့ အလင်းရောင် ခေါ်ဆောင်ရာကို မငြီးမငြူလိုက်ပါနေတဲ့ နေကြာပန်းလေးတွေ
:) ပန်းဝတ်ရည်လေးတွေကို ပျော်ရွှင်စွာ သောက်သုံးနေကြတဲ့ ပျား၊ ပိတုန်းလေးတွေ
:) လေအဝှေ့မှာ ရွေ့နေကြတဲ့ ဖြူလွှလွှ မိုးတိမ်လေးတွေ
:) ပြီးတော့ နံနက်စောစောမှာ အပူအပင်ကင်းစွာ ပြေးလွှား ဆော့ကစားနေကြတဲ့ ကလေးငယ်လေးတွေ
ဒီမြင်ကွင်းလေးတွေကြောင့် စိတ်ကြည်နူးရသလို အပူအပင်ကင်းစွာနဲ့ လွတ်လပ်ပျော်ရွှင် အေးချမ်း နေကြတဲ့ သူတို့တွေရဲ့ ဘ၀လေးတွေကို အားကျနေမိပါတယ်။
(မှတ်ချက်။ ။ စာလုပ်စရာရှိတွေပြီး မလုပ်ဖြစ်ဘဲ စာတွေပိပြီး စိတ်တွေရှုပ်နေလို့ပါဗျိုးးးးးးး။ :) )
調理師でさまざまな条件を検索できる求人サイト
5 years ago
ဒီမြင်ကွင်းလေနဲ.အတူစိတ်လွတ်ကိုယ်လွတ်ပျော်ချင်လိုက်တာနော်............သို.သော်လည်း..............
ReplyDeleteပျော်ပျော်နေသေခဲ မော်တော်တွေ ရေထဲး)))
ReplyDeleteသူတို့ လည်း သူတို့ အပူနဲ့ သူတို့ပါနော် ။ မမည ပြောသလိုပေါ့ ။ ပျော်ပျော်နေလိုက်ပါ ။ ကိုငှက်ကြီး သီချင်းထဲကလို “ စိတ်မညစ်နဲ့ ဘာဖြစ်ဖြစ် စိတ်မညစ်နဲ့ ၊ ပျော်တတ်အောင် ကြိုးစားကွယ် ” ။
ReplyDelete