Wednesday 15 September 2010

ခံစားကြည့်ပါ :)

အချစ်ဆိုတာ ဘာကို ဆိုလိုတာလဲ...???။ တစ်ယောက်နဲ့ တစ်ယောက် ချစ်တယ် ဆိုတာ ဘယ်လို ပုံစံမျိုးလဲ...???။ အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းလား.. ???။ ပေးဆပ်ခြင်းလား.. ???။ ဒါမှ မဟုတ် အချစ်ဆိုတာ မျှဝေခံစားခြင်းလား.. ???။ စိုးစိုး တစ်ယောက် ရင်ထဲမှာ လဲပေါင်းများစွာ၊ လားပေါင်းများစွာသော မေးခွန်းတွေနဲ့ မွန်းကျပ်၊ ပြည့်နှက်နေခဲ့တယ် ။ ဒါပေမယ့် ရေရာ တိကျတဲ့ အဖြေ တစ်ခု အခုထိ ထွက်မလာသေးဘူး။

အချစ်ဆိုတာကို စာရေးဆရာ၊ ကဗျာဆရာ၊ သီချင်းရေးဆရာ တွေ က အမျိုးမျိုးဖွဲ့ဆို ကြတာတွေကို ဖတ်ဖူး၊ ကြားဖူးနေပေမယ့် ကိုယ်ကိုယ်တိုင် နဖူးတွေ့၊ ဒူးတွေ့ ကြုံလာတော့ သူတို့တွေ ဖွဲ့ဆိုကြသလို ကောင်းတဲ့ အရာတွေ အားလုံး ဖြစ်နိုင်ပါ့မလား၊ ဆိုးတဲ့ အချက်တွေ ကရော လက်တွေ့မှာ အဲလောက်တောင်ဆိုးလား ဆိုတာတွေကို တွေးကြည့်ရင်းနဲ့ ရင်မောနေမိတယ်။

သြော်... မိန်းကလေး တစ်ယောက်ကို ချစ်မိတာ ဒုက္ခကို မွေးယူသလိုများ ဖြစ်နေပြီလားလို့ တွေးနေမိတယ်။ ချစ်မိရုံဘဲ ရှိသေးတယ်။ ဖွင့်တောင် မပြောရသေးဘူး။ ဖွင့်ပြောလိုက်ရင် ဘာတွေ ဖြစ်လာမလဲ မတွေးရဲလို့ တစ်ယောက်ထဲ ကြိတ်ပြီးခံစားနေရတဲ့ ရက်တွေကလည်း မနည်းတော့ဘူး။ အချစ်ဆိုတာ ချိုမြိန်တဲ့ အသီးတစ်လုံး မဟုတ်သလို၊ ခါးသက်တဲ့ အသီးလည်း မဟုတ်ဖူးလို့ သူငယ်ချင်းတွေက ပြောကြတယ်။ ဒါပေမယ့် ခံစားကြည့်မှ အရသာ ကို ပိုပြီးသိရမယ်လို့ ပြောကြတယ်။

ကဲ...ဒီနေ့တော့ စိုးစိုးတစ်ယောက် အားတွေမွေးပြီး အချစ်ဆိုတာ ဘယ်လို အရသာရှိမလဲ ဆိုတာ မြည်းစမ်းခွင့်ရဖို့ သူချစ်တဲ့ကောင်မလေး ရှိရာကို လာခဲ့ပါတယ်။ ကိုယ်ချစ်တဲ့သူရဲ့ မျက်နှာကို မြင်ရုံဘဲရှိသေးတယ်.. ရင်ထဲမှာ ကုလားဘုရားပွဲလှည့်နေသလား ထင်မှတ်ရအောင်ကို ရင်ခုန်သံတွေ မြန်နေတယ်ဗျာ။ ရင်ခုန်သံတွေ ငြိမ်အောင်ထိန်းရင်းနဲ့ဘဲ ချစ်တဲ့သူရှိရာကို မ၀ံ့မရဲ လှမ်းလာခဲ့ပါတယ်။ အနားရောက်တော့လေ ရင်ခုန်သံတွေ မြန်လွန်းလို့ ပြောရမယ့် စကားတွေကို မနည်း ပြန်စဉ်းစားရတယ်။ အိမ်တုန်းက ကဗျာတွေ၊ စာတွေဖတ်ပြီ စီထားတဲ့ ပြောရမယ့် အနုအလှ စကားလုံးတွေ ဘယ်ပျောက်ကုန်လဲ မသိဘူး။ ဒါနဲ့ စဉ်းစားလို့ရတဲ့ စကားဘဲ ပြောလိုက်တယ်။ "မင်းကို အရမ်းချစ်တယ်" လို့။ ချစ်သူကလည်း ပြန်ဖြေဖို့ စဉ်းစားထားပုံရပါတယ်။ ချက်ချင်းဘဲ ပြန်ပြောတယ်ဗျာ။ "ပါးကျိုးသွားမယ်။ ဘာမှတ်နေလဲ။" တဲ့ဗျာ။ သူလည်း စာတွေ တော်တော်ဖတ်ပြီး စကားလုံးတွေ ရှာထားပုံပါဘဲ။ သူအဲလို ပြန်ဖြေလိုက်တဲ့ အချိန်မှာ ရင်ဘတ်ထဲကို အောင့်နေအောင် ခံစားလိုက်ရတယ်။ ကိုယ်က အရမ်းချစ်နေမိတဲ့ သူဆိုတော့လေ။ ဒါကတော့ ချစ်မိတဲ့ အတွက် ခံစားလိုက်ရတဲ့ ခါးသက်မှုလေးတစ်ခုပေါ့ဗျာ။ နောက်ထပ် ဘယ်လို ခံစားမှုတွေ ရလာအုန်းမလဲ ဆိုတာ တွေးနေမိတယ်ဗျာ။ အဲလိုတွေးနေရင်းနဲ့ နောက်ထပ် အတွေးတစ်ခု ၀င်လာတယ်။ ချိုတာတွေများရင် တခါတရံ ခါးသက်တတ်တယ်။ (ဆေးသကြားတွေများရင် ခါးတတ်တာ သတိရမိလို့ပါ။) ဒါကြောင့် ပြောင်းပြန် ပြန်စဉ်းစားမိတယ်။ ခါးတာတွေများရင် ချိုလာ မလားလို့ ပေါ့ဗျာ။.......

" ဖေဖေရေ... ဖေဖေ ၊ မေမေက ညနေစာ စားရအောင်တဲ့။" ချစ်စရာ သားငယ်လေးရဲ့ အသံပေါ့ဗျာ။ သားငယ်အသံကြားမှ အတွေးနယ်ချဲ့နေရာမှ အသိဝင်လာတယ်ဗျာ။ ဒါကတော့ ခါးသက်မှုတွေ ခံစားပြီးတဲ့နောက် ရလာတဲ့ ချိုမြိန်မှုလေးတစ်ခုပေါ့ဗျာ။ နောက်ထပ်လည်း ချိုမြိန်မှုတွေလည်း ရှိသေးတယ်ဗျ။ သြော် ပြောဖို့မေ့နေတာ။ သားလေးခေါ်တဲ့ မေမေ ဆိုတာက ကျွန်တော် မောင်စိုးစိုး ချစ်ခဲ့ရတဲ့ ချစ်သူလေးပေါ့ဗျာ။ အခုတော့ အချစ်ဆိုတာ ခံစားဖူးမှ ပိုသိတယ် ဆိုတဲ့ သူငယ်ချင်းတွေ ပြောခဲ့တဲ့ စကားတွေ ကိုလည်း ပြန်သတိရမိနေတယ်။ နောက်ထပ် ဘယ်လိုခံစားမှုတွေဘဲ ဖြစ်ဖြစ် ခံစားပြီး ငြိမ်းချမ်းတဲ့ မိသားစု ဘ၀လေးတည်ဆောက်ပြီး ပျော်ရွှင်စွာ ဖြတ်သန်း အုန်းမှာပါဗျာ။

စာဖတ်သူတွေလည်း အချစ်ဆိုတာကို ဘယ်လို ခံစားဖူးလဲ။ ဘယ်လို မြင်ကြလဲဗျာ။ မခံစားဖူးသေးရင်တော့ တွေဝေ စဉ်းစား မနေကြဘဲ ကျွန်တော်လိုဘဲ ခံစားကြည့်လိုက်ပေါ့ဗျာ :)။

9 comments:

  1. အေးစပယ်15 September 2010 at 15:50

    အချစ်ဆိုတာချိန်မြိန်ချိန်မှာချိုမြိန်သလိုပဲ..............ခါးသက်ချိန်မှာလဲခါးသက်တာပဲလေ..........မတည်မြဲခြင်းသဘောတရားလိုပါပဲကွယ်။

    ReplyDelete
  2. အင်းးးးးးးးးးးး.ခံစား.............

    ReplyDelete
  3. ဗိုက်ကြီး15 September 2010 at 16:01

    ဒီပို့လေးကို ဖတ်ပြီး ပြီးပြည့်စုံသောဘ၀လေးကို အမြန်ဆုံး အကောင်အထည် ဖော်နိုင်ပါစေ

    ReplyDelete
  4. အချစ်ဆိုတာချိုမြိန်မှုရောခါးသီးမှုရောရှိတယ်။ လောကဓံဆိုတာကြုံတွေ့ချိန်မှာအတူရင်ဆိုင်ဖြေရှင်းမဲ့…ကိုယ်ချင်းစာစိတ်ရှိပြီးအပြန်အလှန်ကြင်နာနိုင်မဲ့…….တစ်ခါတစ်ရံရန်ဖြစ်ကြပင်မဲ့အငြိုးမထားတတ်မဲ့လက်တွဲဖော်ကလူတိုင်းအတွက်လိုအပ်တယ်လေ….ဒီဘလော့ထဲကလိုပါပဲပထမအချစ်ကနေမေတ္တာဖြစ်လာတာပါပဲ…………..

    ReplyDelete
  5. ဧည့်သည်15 September 2010 at 22:04

    စပ်တဲ့ ငရုတ်သီးကို လူတွေ ဘာကြောင့်စားကြလဲ ... ။
    ခါးတဲ့တမာကို ရော ....
    ချဉ်ပါတယ် ဆိုတဲ့ သံပုရာသီး ....
    ဖန်ပါတယ် ဆိုတဲ့ လက်ဖက် ....
    ငံပါတယ် ဆိုတဲ့ ဆား ....
    ချိုတာကြတော့လည်း နေ့တိုင်းစားနေနိုင်မယ် မထင်ပါဘူး ....
    အချစ်မှာ အဲဒီလို အရသာတွေ အားလုံးရှိတယ် .... စားသုံးသူပေါ်မှာ မူတည်ပါတယ် .... ကိုယ် ကြိုက်ရင် သည်းခံနိုင်ရမှာပေါ့ ... စပ်တာကိုလည်း သည်းခံရမယ် .... ချဉ် ဖန် ငံ ခါး အကုန်လုံးပေါ့ .... သည်းမခံနိုင်ရင်တော့ မစားနဲ့နော် .... ဘေးဖြစ်တတ်တယ် ....
    အင်း ရတနာ ပြောသလိုပေါ့ ... မေတ္တာ က အေးမြပါတယ် .... မေတ္တာထားနိုင်ပါစေဗျာ .....

    ReplyDelete
  6. ဒီကသိနေတယ်လေ...အဟက်ဟက်..
    ပါးကျိုးမယ်ပြောကထဲက..သူတို့က လက်နဲ့မဟုတ်ဘူး နှာခေါင်းနဲ့ ပါးကျိုးအောင် ဆော်မယ်ဆိုတာ....

    ReplyDelete
  7. ခံစားကြည့်လိုက်ပါတယ်..

    ♪♪♪ အချစ်ဆိုတာ ဆားလိုပဲ များများစားရင် သွေးတိုးတာ
    အချစ်ဆိုတာ ဆားလိုပဲ..........♪♪♪♪♪♪

    ReplyDelete
  8. အချစ်ဆိုတာ ချိုလိုက် ခါးလိုက် ပါဘဲလေ...
    ဒီတော့ ချိုခါးကြီးပေါ့လေ...

    ReplyDelete

ဒီပို့စ်လေးကို ဖတ်ပြီးတဲ့အခါ ခံစားချက်လေးတွေ ၊ထင်မြင်ချက်လေးတွေ မျှဝေခဲ့ကြပါနော်။
အားလုံးကို ကျေးဇူးတင်လျှက်
ချင်းတွင်းသူ