နွေရာသီကျောင်းပိတ်ရက်မှာ သူငယ်ချင်းတွေစု ပြီး သူငယ်ချင်းတွေရှိတဲ့ မြို့တွေကို အလည် သွားခဲ့ပါတယ်။ တစ်ယောက်တစ်နေရာဆီမှာ နေကြတဲ့အတွက် တွေ့ဆုံဖို့ မလွယ်ကြပါဘူး။ ဒါကြောင့် သူငယ်ချင်းတွေ လည်း ဆုံဆည်းရအောင်ရယ်၊ တစ်ခြားမြို့တွေကို လည်း အလည်ရောက်ဖူးအောင် နွေရာသီ အလည်ခရီးထွက်ခဲ့ပါတယ်။ ဟီရိုရှီးမား၊ ဖူကူအိုကာနဲ့ နာဂါဆာကီကို သွားခဲ့ပါတယ်။ သွားခဲ့တဲ့ မြို့တွေက သူငယ်ချင်းတွေက နေရေး၊ စားရေးကို အစစအရာ လိုလေသေးမရှိအောင် လုပ်ဆောင်ပေးကြပါတယ်။ အရသာရှိတဲ့ မြန်မာ ဟင်းလျာတွေကိုလည်း ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ကျွေးကြပါတယ်။ အခုလို သူများနိုင်ငံမှာ မြန်မာတွေရဲ့ နွေးထွေးပြီး ရင်းနှီးဖော်ရွေတဲ့ စိတ်ဓါတ်လေးတွေနဲ့ ပျူငှာစွာဆက်ဆံမှုလေးတွေ ကို ခံစားလိုက်ရတဲ့ အခါ အတိုင်းမသိ ကြည်နူးပီတိ ဖြစ်မိပါတယ်။ ဒါကြောင့် အစစအရာရာ ကူညီပေးတဲ့ သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးတင်ကြောင်းကို ဒီပို့စ်လေးကနေတဆင့် ပြောပြလိုက်ပါတယ်။ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ ဒါ့အပြင် ခရီးထွက်တဲ့အခါမှာ အကြောင်းအမျိုးမျိုးကြောင့် မလိုက်ပါနိုင်တဲ့ သူငယ်ချင်းတွေ ကလည်း မလိုက်နိုင်ပေမယ့် ခရီးသွားတဲ့ သူငယ်ချင်းအားလုံး အဆင်ပြေအောင် ၀ိုင်းဝန်း ဆုတောင်းပေးကြလို့ သူငယ်ချင်း အားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ သူငယ်ချင်းတွေ ပို့သတဲ့ မေတ္တာတွေကြောင့် ခရီးလမ်းလည်း အစစအရာရာ အဆင်ပြေခဲ့ပါတယ်။

ဟီရိုရှီးမား တွင် သူငယ်ချင်းများနဲ့ အတူ

ဖူကူအိုကာ သူငယ်ချင်းများ အိမ်မှာ အမှတ်တရ
နာဂါဆာကီ အိမ်မှာ ပျော်ရွှင်စွာ
အားလုံးကို အထူးကျေးဇူးတင်လျှက်....... ချင်းတွင်းသူ
ကောင်းလေစွ.. ကောင်းလေစွ...း)
ReplyDeleteအစ်မကလည်း ကျေးဇူးတင်ပါတယ်။ လာလည်သွားတယ်ဆိုလို့း)))
ReplyDeleteအဖွဲ့လိုက်သွားရတာ ပျော်စရာကြီးနော်။
ဟုတ်တယ်အမ၊ ပျော်စရာ ကောင်းတယ်။
ReplyDeleteso nice!Even i could not go together with all of you,i feel happy the same like all of u after reading this post.
ReplyDeleteဟီရိုရှီးမား မှာ တစ်ယောက်လိုနေသလိုပဲ ဟီးဟီး ...
ReplyDeleteဟုတ်တယ်။ ပို့စ်တင်ပြီးမှ သိလို့ ။ ခွင့်လွှတ်ပါလို့ တောင်းပန်ပါတယ်။
ReplyDeleteချင်းတွင်းသူဆိုတော့-----
ReplyDeleteကိုယ်တို့နဲ့ တမြို့ တည်းလားဟင်-
အခုတင်ထားတဲ့ဓါတ်ပုံတွေထဲမှာတော့တစ်ယောက်မှအသိမပါဘူး-
အဲဒါတော့သေခြာတယ်။
(မ) ချင်းတွင်းသူရေ၊ ခရီးသွားဆောင်းပါးတွေ ရေးလေဗျာ။ ဖတ်ရတာပေါ့။
ReplyDelete