Wednesday 28 July 2010

သြော်..... အချိန်ရဲ့ ပြောင်းလဲခြင်း

အရာရာတိုင်းက အချိန်နဲ့လိုက်ပြီး ပြောင်းလဲနေကြပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဂျပန်ရဲ့ နွေရာသီ ပွဲတော်တွေ ထဲက ထင်ရှားတဲ့

ပွဲတော် တစ်ခု ဖြစ်တဲ့ tenjin ပွဲတော်ကို သွားခဲ့ပါတယ်။ ဒီပို့စ်လေးကတော့

ပွဲတော်က အပြန်ရခဲ့တဲ့ ပို့စ်လေးပါ။ ပွဲတော် ကျင်းပရာ နေရာက

osaka castle နဲ့နီးပါတယ်။ sakura no miya လို့ခေါ်တဲ့ နေရာ

အနီးတ၀ိုက် မှာပါ။ အဲဒီနားမှာ မြစ်လေးရှိပါတယ်။ မြစ်ရဲ့ ကမ်းနဘေး

တစ်ဖက် တစ်ချက်မှာ sakura (ချယ်ရီ)ပင်တွေ ရှိပါတယ်။

ဒီပွဲတော်မှာ မီးပန်းလွှတ်ပွဲ ပါတယ်။ လူတွေက မြစ်ထဲမှာ

လှည့်လည်သွားလာနေတဲ့ ပွဲတော်အတွက် စီမံထားတဲ့ လှေ တွေ

သွားလာတာကို ကြည့်ရင်း မီးပန်းလွှတ်တာကို စောင့်ကြည့်ကြပါတယ်။

ချယ်ရီပန်းတွေ ပွင့်ချိန်မှာ ဟနမိ ဆိုပြီး ချယ်ရီပန်းတွေ ကို

အမြတ်တနိုးနဲ့ လာကြည့်ကြတုန်းကလည်း ဒီနေရာလေးက နာမည်ကြီးတဲ့

နေရာထဲမှာ တစ်ခု အပါအ၀င်ပါ။ အဲဒီ အချိန်တုန်းကလည်း ချယ်ရီပန်းတွေ၊

ချယ်ရီပင်တွေ က အမြတ်တနိုးနဲ့ တန်ဖိုးထားခံရတာပါ။ ဒါပေမယ့် အခု

ဟနဘိလို့ခေါ်တဲ့ မီးပန်းလွှတ်ပွဲ ကျင်းပချိန်မှာတော့ မြတ်နိုးစရာ

ချယ်ရီပန်းပွင့်လေးတွေ မရှိတော့ သလို မီးပန်းလွှတ်တာကို

မြစ်ကမ်းဘေးက ကြည့်တဲ့ အခါ ချယ်ရီပင်တွေကြောင့်

ရှင်းရှင်းလင်းလင်း မမြင်ရပြန်ပါဘူး။ ဒါကြောင့် တစ်ချိန်က

မြတ်နိုးခြင်းခံခဲ့ရတဲ့ ချယ်ရီပင်လေးတွေက အပြစ်မြင်ခံရ ပြန်တယ်။

သြော် အချိန်ရဲ့ ပြောင်းလဲ ခြင်းကြောင့် အပြောင်းအလဲ တွေ

အမျိုးမျိုးဖြစ်လာ နိုင်ပါလားလို့ အတွေးဝင်လာရပါတယ်။

ချယ်ရီပင်လေးတွေ သာမက လူတွေလည်း အချိန်တွေကြောင့်

အမျိုးမျိုးပြောင်းလဲ လာနိုင်ပါတယ်။ ပြောင်းလဲမှုတိုင်းကို

ကြံ့ကြံ့ခံနိုင်အောင် အခု အချိန်က စပြီး ကြိုးစားကြရအောင်ပါ။

မှတ်ချက်။ ။ ပွဲတော် အကြောင်းအရာ ဖော်ပြတဲ့ အချက်အလက်

မှားရင် ခွင့်လွတ်ကြပါ။ ပြင်ပေးခဲ့ကြပါနော်။

4 comments:

  1. ငြိမ်း... ဓါတ်ပုံ ဓါတ်ပုံ..
    မီးပန်းဓါတ်ပုံမပါရင် မယုံဘူးး))

    နောက်တာပါ။ ဗဟုသုတလည်းရ၊ အတွေးတချို့လည်းရ။

    မုန်းလို့ ချစ်လို့ဆိုတာထက် ကိုယ်လိုတဲ့အခါ လိုသလို၊ မလိုတဲ့အခါ မလိုသလို ဆက်ဆံတတ်တာ ဆိုတော့လဲ။

    အစ်မတို့ဆီတော့ တအားပူလွန်းလို့ လာမယ့် ၃၁ ရက်နေ့ကျမှ ဟနဘိလုပ်မယ်တဲ့..။

    ReplyDelete
  2. :). ပျော်ခဲ့တယ်ဟုတ်...

    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  3. သြော် .......... အချိန်ရဲ့ပြောင်းလဲခြင်းးးးးးးးးးးးးးးးး ........
    ဒို့လဲ စနေနေ့ ဟာနဘိ ရတော့မှာပါ ဟဲဟဲ ......

    ReplyDelete
  4. ဟနဘိနဲ့ ဟနမိကို တွဲပြီး မတူတာလေးတွေးပြထားတာ မိုက်တယ်... ဖြစ်နိုင်ရင် ပိုပြီးဖွဲ့နွဲ့ထားတာလေး ဖတ်ချင်ပါတယ်

    ReplyDelete

ဒီပို့စ်လေးကို ဖတ်ပြီးတဲ့အခါ ခံစားချက်လေးတွေ ၊ထင်မြင်ချက်လေးတွေ မျှဝေခဲ့ကြပါနော်။
အားလုံးကို ကျေးဇူးတင်လျှက်
ချင်းတွင်းသူ