ဒီနေ့ကျောင်းမှာ ဆွေးနွေးရတဲ့အကြောင်းလေးကတော့
သူငယ်ချင်းဆိုတာကို ဘယ်လိုအဓိပ္ပါယ်ဖွင့်မလဲ ...????????????။ အားလုံးဆွေးနွေးကြတာကတော့
့အမျိုးမျိုးပါပဲ။ သူငယ်ချင်းဆိုတာ.......
ကိုယ်နဲ့အမြဲအတူသွား၊ အတူစားတဲ့သူ၊ ကိုယ်နဲ့ကောင်းတိုင်ပင်၊ ဆိုးတိုင်ပင်အမြဲရှိနေပေးသူ၊
ကိုယ်ရဲ့ကောင်းကျိုးကိုစဉ်းစားလုပ်ဆောင်ပေးသူ၊ ကိုယ်နဲ့ဝါသနာတူ ၊အကြိုက်ချင်းတူသူ၊
ကိုယ့်နဲ့အပြန်အလှန် နားလည်မှုရှိတဲ့သူ၊ ဘယ်လောက်အနေဝေးဝေး ခင်မင်မှုမပျက်ရှိနေတဲ့သူ၊
ကိုယ်ခံစားချက်၊ သူခံစားချက်ကိုနားလည်ပေးတဲ့သူ၊ ပူပင်သောကရောက်တဲ့အခါ
မျှဝေခံစားနားလည်ပေးသူ.... စသည်ဖြင့်အမျိုးမျိုးအဓိပ္ပါယ်ဖွင့်ကြပါတယ်။
အတန်းချိန်ပြီးသွားလို့ အိမ်ပြန်ရောက်တဲ့အခါသူငယ်ချင်းဆိုတာ ဘယ်လိုပုံစံမျိုးလဲဆိုပြီး
ပြန်တွေးနေမိတယ်။ ဒါပေမယ့် တိတိကျကျအဖြေမထွက်ဘူး...။ သူငယ်ချင်းဆိုတဲ့အဓိပ္ပါယ်ကို
တိတိကျကျတွေးလို့မရပေမယ့် သူငယ်ချင်းတွေရဲ့တန်ဖိုးကိုတော့ ရင်ထဲမှာအလိုလိုနားလည်နေတယ်။
ဘ၀မှာရပ်တည်နေထိုင်တဲ့အခါ သူငယ်ချင်းဆိုတဲ့ အဖော်မွန်ကောင်းက လိုအပ်ပါတယ်....။
ကဲ....ဒီပို့စ်လေးကို လာရောက်လည်ပတ်ကြတဲ့ စာဖတ်သူတွေရော သူငယ်ချင်းဆိုတာကို
ဘယ်လိုအဓိပ္ပါယ်ဖွင့်ကြမလဲဟင် ...???????????????
調理師でさまざまな条件を検索できる求人サイト
5 years ago
သူငယ်ချင်းဆိုတာ..
ReplyDeleteသူငြီးငြူတဲ့အခါ ကိုယ်မကြားချင်ရင်ဆောင်နေပြီး၊ ကိုယ်ငြီးငြူတဲ့အခါ သူနားပိတ်နေတတ်တဲ့သူကို ခေါ်တာ (နောက်တာနော်း)))
သူငယ်ချင်းရဲ့အဓိပ္ပါယ်က ဖွင့်သူကို လိုက်ပြီး အမျိုးမျိုး ရှိတာမို့လား..။ အခု ဒီပိုစ်ရေးထားတာနဲ့တင် တော်တော် လုံလောက်နေပါပြီ..။
(အမရ..ငြိမ်းပို့စ်ကိုလာကြည့်ပါအုန်း၊ဘယ်လိုပုံစံဖြစ်နေတာလဲတိဝူး)
အေးလေ ပိုစ်က စာသားတွေက ဘီလိုဖစ်တာပါလိမ့်..။ ဘေးကို ရှည်နေတာကြောင့်ဖြစ်လိမ့်မယ်..ငြိမ်း..
အခုအတိုင်းလည်း ရှင်းတော့ ရှင်းပါတယ် :D။ အားတဲ့ရက် ပြန်ပြင်ကြတာပေါ့..။
အော် နားလည်ပြီ..ငြိမ်း။ စာတွေကို အပိုဒ်ခြားသလို စာလုံးခြားလေ။ အခု အစ်မ ကွန်မန့်ဆို ငြိမ်းလိုမှ မဖြစ်တာ။ ဥပမာ ပြောရရင်
ReplyDelete(ဘယ်လိုအဓိပ္ပါယ်ဖွင့်ကြမလဲဟင်...???????????????) လို့ စာလုံးမခြားပဲရေးထားမယ့်အစား
(ဘယ်လိုအဓိပ္ပါယ် ဖွင့်ကြမလဲဟင်.. .???????????????
လို့ စကားလုံး အဓိပ္ပါယ်တစ်ခုနဲ့ တစ်ခုအကြားကို ခြားရေးပါ။
အတူတူစဉ်းစားသွားပါတယ်။
ReplyDeleteခင်မင်တဲ့
နေ၀သန်
(PS: မြန်မာစာရေးတဲ့အခါမှာ ခြားပြီးရေးသင့်တဲ့နေရာရှိပါတယ်..။ သေချာကြည့်ပြိး ပြင်လိုက်ရင် အဆင်ပြေသွားမှာပါ..)
သူငယ်ချင်းကောင်းဆိုတာမရှိမဖြစ်ပဲ..။ပိုစ့်လေးကသူငယ်ချင်းကို
ReplyDeleteဖတ်သွားပါတယ်နော်..။
အဆင်ပြေပျော်ရွှင်ပါစေ....
ခင်မင်စွာ
မသဒ္ဓါ
သူငယ်ချင်း ဆိုတာ မိတ်ဆွေကောင်းတစ်ယောက်ပဲ ။ သူဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ အနွံတာခံရမယ် ။ သည်းခံရမယ် ။ ဘယ်တော့မှ အပြစ်မမြင်ရဘူး ။ ကိုယ်ချင်းစာပေးရမယ် ။ မဟုတ်ရင် ရန်သူဖြစ်သွားတတ်တယ် ။ အမြင်လေးပြောပြတာပါ ။ ဟုတ်ချင်လည်းဟုတ်မှာပေါ့ ။
ReplyDelete