ရယ်သောသူ အသက်ရှည်၏ …တဲ့။ လည်လည်လာပြီး အားပေးနေကြတဲ့ သူငယ်ချင်း၊ ရောင်းရင်းများ ဘ၀အမောတွေ ရှိခဲ့ကြရင် ခဏတာပြေစေဖို့ ကြားသိဖူးတဲ့ ရယ်စရာလေးတွေ မျှဝေခံစားလိုက်ပါတယ်။ သိဖူးပြီးသား ဖြစ်ခဲ့ရင်လည်း ကလိထိုးပြီး နောက်တစ်ကြိမ်ပြန်ရယ်ကြပါလို့ ….
ရယ်စရာ -၁
တစ်ခါက ရွာတစ်ရွာမှာပေါ့။ အလွန်ကို သီချင်းဆို ၀ါသနာပါတဲ့ သူတစ်ယောက်ရှိပါတယ်။ ရွာမှာ အလှူအတန်းရှိတဲ့အခါ ရွာသားတွေစုပြီး ဇာတ်ပွဲကလေ့ရှိပါတယ်။ အဲဒီအခါကြရင် ဖိုးဆိုချင်ကရှေ့ဆုံးကပေါ့။ ဖိုးဆိုချင်မှာ အားနည်းချက် တစ်ခုရှိတယ်။ အဲဒါကမေ့တတ်တဲ့ အကျင့်လေးပါဘဲ။ အဲဒီလိုနဲ့ ဇာတ်ကဖို့ သီချင်းတွေ တိုက်ကြပါတယ်။ သီချင်းတိုက်တော့ ဖိုးဆိုချင်လေးက သူ့ထုံးစံအတိုင်း တစ်ချို့စာသားလေးတွေ မေ့တာပေါ့။ သူဆိုတဲ့ သီချင်းလေးက “လက်ပံပွင့်တွေ လေအတိုက် ကြွေလိုက်တဲ့အခါ” ပါ။ သူမေ့တာက လက်ပံပွင့်ဆိုတဲ့နေရာမှာ မေ့တာပေါ့။ ဘယ်လိုဘဲဆိုဆို အဲဒီနေရာရောက်ရင်မေ့နေတာပေါ့။ သူငယ်ချင်းတွေက အကြံပေးကြတယ်။ လက်ပံပွင့်လေး ကိုင်ပြီးဆိုရင်တော့ သတိရမှာဘဲ လို့ပေါ့။ ဒီလို့နဲ့ ဇာတ်ပွဲကတဲ့နေ့ ရောက်လာတာပေါ့။ ဖိုးဆိုချင်ဆိုရမယ့် အလှည့်ရောက်လာပါတယ်။ လက်ပံပွင့်လေးကို ကိုင်လို့ပေါ့။ ဒါပေမယ့်လေ သူ့အဖြစ်က ဒီပန်းကိုင်ထားတာကိုဘဲ နာမည်မေ့နေတုန်းဘဲ ဖြစ်နေတာပေါ့။ အဲဒီအချိန်မှာ ဖိုးဆိုချင်လေးက လက်ပံပွင့်လေးကို မြှောက်ပြပြီး ဆိုချလိုက်ပုံကတော့ “ဟောဒီအပွင့်တွေ လေအတိုက်ကြွေလိုက်တဲ့ အခါ…..” တဲ့…..။
မေ့တတ်တဲ့ ဖိုးဆိုချင် ဆိုတဲ့ “ဟောဒီအပွင့် သီချင်းလေးကြားတိုင်း ချင်းတွင်းသူလေး ကိုလည်း သတိရလိုက်ပါနော်..
ရယ်စရာ-၂
ဒီတစ်ခါလည်း မေ့တတ်တဲ့သူလေး အကြောင်းပါဘဲ..။
ကိုမေ့ဘဲဆိုကြပါစို့။ ကိုမေ့တစ်ယောက် မြို့ကို ဈေးဝယ်သွားမှာမို့ သူ့ရဲ့သူငယ်ချင်းက လူကြုံမှာတာပေါ့။ ဘာမီတွန်ဆေးဝယ်ခဲ့ဖို့မှာတာပေါ့။ ကျန်တဲ့သူတစ်ချို့ကလည်းသူတို့ လိုအပ်တာလေးတွေ မှာကြတာပေါ့။ ဒီလိုနဲ့ ဆေးဆိုင်ရောက်သွားတာပေါ့။ ဆေးဆိုင်က ဘာဆေးလိုချင်လည်းလို့ မေးတော ကိုမေ့က နာမည်မေ့နေတယ်လို့ပြောတော့ ဆေးဆိုင်ကလည်း လူသုံးများတဲ့ ဆေးအမည်တွေပြောပြပါတယ်။ ဒါလည်း သတိမရဘူး ဖြစ်နေတယ်။ နောက်ဆုံးတော့ သတိရသွားတယ်။ နာမည်အပြည့်အစုံကို သူသတိမရဘူးတဲ့။ သူသတိရတာလေး ပြောပြမယ်ဆိုပြီးပြောပြလိုက်တာကတော့ “မီတွန်တော့ မီတွန်ဘဲ။ ဘာမီတွန်လဲတော့ မသိဘူး” တဲ့။
ကဲ..လည်လည်လာသူတွေ အိပ်မပျော်ရင်ဘဲဖြစ်ဖြစ်၊ နှာစေးတဲ့အခါဖြစ်ဖြစ် မီတွန်တော့မီတွန်လေး သောက်ကြပေါ့နော်…
調理師でさまざまな条件を検索できる求人サイト
5 years ago
ဘာမှ မမီတွန်ပဲ ပျောက်သွားတာဗျ ။ ဘာဖြစ်လို့လဲ ဆိုတော့ ဘာမှ မီတွန်စရာ မရှိလို့လေ ။
ReplyDeleteအဲဒီအပွင့်တွေ လက်သုပ်သုပ်ပြီး စားချင်တယ်။
ReplyDeleteအမောပြောသွားပါပြီး))))
ဒါနဲ့ ဘာကို ရယ်စရာ ပြောသွားတာပါလိမ့်..
မေ့တတ်သူ (နောက်စ်)
ဖိုးဆိုချင်ဆိုလို့ မိုက်ခဲကို သတိရလိုက်တာ... :D
ReplyDeleteခင်မင်တဲ့
နေ၀သန်