“အချိန်လေးတွေ တိုလွန်းလို့၊ ချစ်ချစ်ခင်ခင် နေကြစို့” တဲ့ ။
ကျောင်းသူဘ၀တုန်းက နေ့စဉ်မြင်တွေ့ခဲ့ရတဲ့ စာတမ်းလေးပါ။ အဆောင်ရဲ့
နံရံတိုင်းမှာ ဒီစာတမ်းလေးကို ကပ်ထားပါတယ်။ ။ အဓိပ္ပါယ်ပြည့်ဝတဲ့
စာလေးမို့ အရမ်းကို နှစ်သက်ခဲ့ရသလို အခုထိလည်း ဒီစာတမ်းလေးကို
မြင်ယောင်နေဆဲပါ။ တကယ်ဘဲ အချိန်တွေက တိုတောင်းလွန်းလှပါတယ်။
တွေ့ဆုံကြရတဲ့ ခဏတာမှာ ချစ်ချစ်ခင်ခင်စိတ်လေးတွေ ထားနိုင်ရင်
အကောင်းဆုံးပဲပေါ့။ မိသားစုထဲမှာဘဲ ဖြစ်ဖြစ်၊ အပေါင်းအသင်းတွေ
ကြားမှာဘဲ ဖြစ်ဖြစ် တစ်ဦး အပေါ် တစ်ဦး နားလည်မှု
ကိုယ်စီနဲ့၊ တစ်ဦးရဲ့ လိုအပ်ချက်ကို တစ်ဦးကဖြည့်တွေးရင်း၊
တစ်ဦးရဲ့ အားနည်းချက်ကို တစ်ဦးက ဖေးမရင်းနဲ့ တိုတောင်းလှတဲ့
အချိန်လေးတွေကို ပျော်ရွှင် ချစ်ကြည်စွာ ဖြတ်သန်းနိုင်ကြရင်
အကောင်းဆုံးပေါ့။ အချင်းချင်းတွေကြားမှာ သူကြောင့် ကိုယ်နစ်နာရတယ်၊
ကိုယ့်ကြောင့် သူအသာရသွားတယ် ဆိုတာတွေ မတွေးမိဘဲ
အကောင်းဘက်ကနေပြန်တွေးယူတတ်တဲ့ စိတ်လေးတွေရှိကြရင်
အကောင်းဆုံးပျော်ရွှင်မှုတွေနဲ့ တိုတောင်းတဲ့ အချိန်လေးတွေကို
ကုန်ဆုံးစေမှာ အမှန်ဘဲလို့ ထင်မိပါတယ်။ နာစရာတွေရှိလာခဲ့ရင်
သာစေခဲ့တာလေးတွေနဲ့တွေးပြီး ဖြေသိမ့်ကြရင် တိုတောင်းလှတဲ့
ဘ၀လေးမှာ နေပျော်စရာဘဲပေါ့။ ပုထုဇဉ်လူသားတွေမှာ ခန္တီပါရမီ
စွမ်းအားတွေက ဘုရား၊ရဟန္တာတွေလောက် မကြီးမားနိုင်ပေမယ့်
သည်းခံနိုင်တဲ့ စွမ်းအားတွေ ရှိကြပါတယ်။ဒါကြောင့် တစ်ဦးနဲ့တစ်ဦး
တွေ့ဆုံကြတဲ့ အချိန်လေးတွေမှာ အမုန်းတရားတွေ၊ မကျေနပ်တာလေးတွေ၊
အဆင်မပြေမှုလေးတွေ ရှိခဲ့ကြရင်လည်း ဖြေဖျောက်ပြီး
အချိန်လေးတွေ တိုတောင်းလှတဲ့ အတွက် ချစ်ချစ်ခင်ခင် နေကြရအောင်ပါ။
သူငယ်ချင်း၊ အပေါင်းအသင်းတွေ အားလုံးလည်း တိုတောင်းလွန်းတဲ့
အချိန်လေးတွေထဲမှာ ချစ်ခင်၊ ပျော်ရွှင်မှုတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့
ဆုတောင်းရင်း…….။
ခင်မင်မှု များစွာနဲ့…………………..ချင်းတွင်းသူ
調理師でさまざまな条件を検索できる求人サイト
5 years ago
သည်းခံခြင်းဟာ မင်္ဂလာတစ်ပါးပဲလေ ။ မင်္ဂလာရှိအောင် .........
ReplyDeleteဟုတ်ကဲ့.....း)))
ReplyDeleteဟုတ်ကဲ့ ဟုတ်ကဲ့ ချစ်ချစ်ခင်ခင် ဖုန်းဆက်ပြီးတော့ နေပါတယ်း)))
ReplyDeleteအဲဒီစာသားလေးတော့ တကယ်ပဲ ကြိုက်တယ်..