Wednesday 30 June 2010

ပီတိမျက်ရည်

လူတွေကဝမ်းနည်းတဲ့အခါမျက်ရည်ကျတတ်သလို၊ဝမ်းသာတဲ့အခါလည်းမျက်ရည်ကျတတ်ကြပါတယ်။ဝမ်းနည်းခြင်း၊ဝမ်းသာခြင်းဆိုတာလည်းခံစားမှုတစ်ခုပါ။ဝမ်းနည်းမှုဆိုတာလည်းခံစားတဲ့လူအပေါ်မူတည်ပြီးအမျိုးမျိုးရှိသလို၊ဝမ်းသာစရာအကြောင်းလေးတွေကလည်းခံစားတဲ့လူအပေါ်မူတည်ပြီးကွဲပြားကြပါတယ်။အများစုကတော့မိမိပတ်ဝန်းကျင်၊မိဘဆွေမျိုးတွေကြောင့်ဘဲဝမ်းသာမှု၊ကြည်နူးမှု၊ဝမ်းနည်းမှုတွေဖြစ်ပေါ်ခံစားကြရတာပါ။
မိဘဆွေမျိုးတွေနဲ့ဝေးနေတဲ့အခါ၊တစ်ယောက်တည်းအထီးကျန်ဆန်နေတဲ့အခါ၊တစ်ခြားတိုင်းပြည်မှာရောက်ရှိနေတဲ့အခါဝမ်းနည်းမှုကပိုပြီးဖြစ်လွယ်သလို၊စိတ်အားငယ်မှုတွေဖြစ်တတ်ပါတယ်။အထူးသဖြင့်တစ်ခြားတိုင်းပြည်ကိုရောက်နေပြီးနေမကောင်းထိုင်မသာဖြစ်တဲ့အခါဝမ်းနည်းအားငယ်မှုတွေပိုပြီးဖြစ်လာတတ်ပါတယ်။ဒီလိုအချိန်မှာအပေါင်းအသင်းသူငယ်ချင်းတွေရဲ့အားပေးမှုတွေ၊ဂရုစိုက်မှုတွေကြောင့်အားငယ်စိတ်တွေလျှော့လာတတ်ပါတယ်။
တစ်ခါကကျွန်မနေမကောင်းဖြစ်ခဲ့တုန်းကပေါ့။သူငယ်ချင်းတွေရဲ့အားပေးစကားတွေကြောင့်အားငယ်မှုတွေလျော့ခဲ့ရပါတယ်။ဒါပေမယ့်လည်းသူတို့တွေနဲ့ကတစ်နေရာဆီမှာအားတော့ငယ်မိပါတယ်။ကိုယ်နေတဲ့မြို့မှာကလည်းမြန်မာကမရှိပါဘူး။(ရှိတယ်လို့တော့ကြားမိပါတယ်။မတွေ့ဖူးပါဘူး။)အဲဒီလိုစိတ်ခံစားချက်တွေဖြစ်နေတဲ့အချိန်မှာကျွန်မနဲ့မေဂျာတူတဲ့ဂျပန်မသူငယ်ချင်းလေးကည(၉)နာရီလောက်မှာကျွန်မကိုဖုန်းဆက်ပြီးသူအဆောင်ရှေ့မှာရောက်နေတဲ့အကြောင်းပြောပါတယ်။နေကောင်း၊မကောင်းအခြေအနေလာကြည့်ပေးတာပါတဲ့။(နေ့လည်ကနေမကောင်းလို့အဆောင်ပြန်သွားတာသူကသိတယ်။သူကအခုမှကျောင်းကပြန်လာပြီးအိမ်ပြန်ရမှာပါ။ပြီးတော့သူကတစ်ခြားမြို့ကပါ။)အခက်အခဲရှိရင်သူကိုပြောဖို့၊အစစအရာရာဂရုစိုက်ပြီးနေထိုင်ဖို့ပြောပြတယ်။ပြီးတော့လည်းယူလာပေးတဲ့စားစရာတွေကဘယ်လိုပစ္စည်းတွေပါပြီးဘာအတွက်ကောင်းတယ်ဆိုတာကိုသေချာရှင်းပြပါတယ်။ဒီလိုညအချိန်ကြီးမှာလာပြီးအသေးစိတ်ဂရုတစိုက်ပြောပြတာရယ်၊ကိုယ်ဝမ်းနည်းအားငယ်နေတဲ့အချိန်မှာသူရောက်လာတာရယ်ကြောင့်အားငယ်မှုတွေအနည်းငယ်ပြေပျောက်လာပါတယ်။ဒါပေမယ့်ကျွန်မရဲ့မျက်ဝန်းကနေတော့မျက်ရည်တွေကျလာပါတယ်။ဒီမျက်ရည်တွေကတော့ဝမ်းနည်းလို့ကျလာတဲ့မျက်ရည်မဟုတ်ဘဲဝမ်းသာလို့ကျလာရတဲ့မျက်ရည်တွေပါ။ကိုယ့်ကိုဂရုတစိုက်နဲ့အားပေးဖော်သူငယ်ချင်းလေးရှိပါလားဆိုပြီး ပီတိဖြစ်ပြီးကျလာတဲ့ပီတိမျက်ရည်တွေပါ။ကျေးဇူးတင်ပါတယ်သူငယ်ချင်းလေးရယ်…..။

3 comments:

  1. အားငယ်နဲ့ ။ အစ်မရှိတယ်။ vistor ရှိတယ်။ နေ၀သန်ရှိတယ်။ အဲ နောက်ထပ်တစ်ခေါက် ရေလိုက်ဦးမယ်၊ vistor ရှိတယ် ။ နေ၀သန်ရှိတယ်။ အစ်မရှိတယ်း)))

    ပီတီမျက်ရည်လေးတွေ များများကျပြီး အားငယ်မျက်ရည်လေးတွေ နည်းနိုင်သလောက်နည်းပါစေ... (ဆုတောင်းက မျက်ရည်ထဲက မထွက်ပါလား ဆောရီးနော်း)

    အားငယ်တဲ့အခါ အချိန်မရွေး ဖုန်းဆက်ပါ ညီမလေးရေ.. အားပေးစကားဆိုတာထက် ရယ်စရာတော့ ပြောဖြစ်မှာပါ။

    ReplyDelete
  2. ဒီလောက်တောင် ၂၄ နာရီမပျက် ရုပ်ရှင်ကြည့်၊ ဗွီဇက်အိုပြောနေတာတောင် ပျင်းချိန်ရှိသေးတယ်... အံ့ရောအံ့ရော....း)))


    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  3. ကြည့်တာကကြည့်တာတစ်ပိုင်းလေ။ခံစားချက်ချင်းကမတူဘူးလေမောင်လေးရဲ့။

    ReplyDelete

ဒီပို့စ်လေးကို ဖတ်ပြီးတဲ့အခါ ခံစားချက်လေးတွေ ၊ထင်မြင်ချက်လေးတွေ မျှဝေခဲ့ကြပါနော်။
အားလုံးကို ကျေးဇူးတင်လျှက်
ချင်းတွင်းသူ