Sunday 20 June 2010

ကျေးဇူးကြီးပေ၊ တို့ဖေဖေ

ကလေးဘ၀ ငယ်စဉ်မှ၊

ဆုံးမသွန်သင် အမြဲပင်။

ကျောင်းနေချိန်တန် ရောက်ခဲ့ပြန်

ပညာယူရန် ဆုံးမပြန်။

ကျောင်းတက်နေစဉ် ချိန်များတွင်၊

ပညာပြည့်ဝ နှလုံးလှကာ

လူကောင်းလူမွန်၊ဖြစ်လာစေရန်

သွန်သင်ဆုံးမပေးသော ဖေဖေ။

ပညာစုံလာ ချိန်ခါမှာ

လောကအလယ် တင့်တယ်စေဖို့

သွန်သင်ဆုံးမပေးသော ဖေဖေ။

ဘ၀တစ်လျှောက်အေးချမ်းစေရန်၊

မြဲရည်သန်လျှက်

သွန်သင်ဆုံးမပေးသော ဖေဖေ။

သမီးနဲ့သား ဇနီးမယားကို

လောကအလယ် တင့်တယ်စေ၊

ရှာဖွေကျွေးပေ တို့ဖေဖေ။

ဖေဖေ့မေတ္တာ၊ကျေးဇူးတရားကား

ကြီးမားလွန်းနေ ရေးဖွဲ့မကုန်နိုင်ပေ။

(အားလုံးသောအဖေများကို ဂုဏ်ပြုသောအားဖြင့် အဖေများနေ့အမှတ်တရ)

4 comments:

  1. ကောင်းလိုက်တဲ့ကဗျာလေး... အဖေများနေ့ကို ဂုဏ်ပြုခြင်းမှ အဖေ့ကို ပြုစုစောင့်ရှောက်နိုင်ပါစေ

    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  2. ပေးတဲ့ဆုနဲ့ပြည့်ပါရစေ။

    ReplyDelete
  3. အရွယ်ရောက်လာ ကျောင်းအပ်ခါ
    ပညာပေးပေ တို့ဖေဖေ..

    အဖေများနေ့ကို ဂုဏ်ပြုကဗျာလေး ဖတ်ကောင်းတယ်
    စပ်တတ်လိုက်တာလို့..

    အစ်မတော့ ကဗျာဆို ဘာကဗျာမှ ရဘူး..

    ReplyDelete
  4. ကြိုက်လို့ ရှယ်ခွင့်ပေးပါနော်... ကျေးဇူးတင်ပါတယ်...

    ReplyDelete

ဒီပို့စ်လေးကို ဖတ်ပြီးတဲ့အခါ ခံစားချက်လေးတွေ ၊ထင်မြင်ချက်လေးတွေ မျှဝေခဲ့ကြပါနော်။
အားလုံးကို ကျေးဇူးတင်လျှက်
ချင်းတွင်းသူ