Saturday 19 June 2010

သံယောဇဉ်

သံယောဇဉ် တဲ့……။ စကားလေးကသုံးလုံးထဲနော်…..။ဒါပေမယ့်ဒီစာလုံးလေးတွေရဲ့နောက်ကွယ်မှာတော့ခံစားတဲ့သူတွေမှာမူတည်ပြီး လေးနက်မှုတွေ၊အဓိပ္ပါယ်တွေ အမျိုးမျိုးဖြစ်လာတယ်။မိဘနဲ့သားသမီး သံယောဇဉ်၊ မောင်နှမ သံယောဇဉ်၊ သူငယ်ချင်းသံယောဇဉ်၊ဆရာတပည့် သံယောဇဉ်၊ဆွေမျိုး သံယောဇဉ် စသဖြင့်ပေါ့လေ….။

သံယောဇဉ်ပုံစံတွေတူပေမယ့်လည်းလေးနက်မှုကမတူညီကြပြန်ဘူး…။ဒီသံယောဇဉ်တွေအပေါ်မူတည်ပြီးခံစားချက်တွေဖြစ်ပေါ်လာကြပြန်တယ်။ဝမ်းသာမှု၊၀မ်းနည်းမှု၊လွမ်းဆွေးမှုတွေ၊ပျော်ရွှင်ကြည်နူးမှုလေးတွေပေါ့။လေးနက်မှု အပေါ်မူတည်ပြီး ခံစားချက်အတိမ်အနက်တွေ ကွာခြားကုန်ပြန်ရော…။

သြော်…..လူတွေရဲ့စိတ်ခံစားမှုအမျိုးမျိုးကိုဖြစ်စေတဲ့အရာလေးကတော့ဒီသံယောဇဉ်လေးပါပဲ………….။ သံယောဇဉ် ဆိုတာလေးသာမရှိခဲ့ရင် လူတွေလည်း ခံစားချက်မဲ့ကုန်မလားမသိဘူးနော်…။ခံစားချက်မရှိရင် လူ့ဘ၀ကြီးကရော အဓိပ္ပါယ်ရှိပါဦးမလားနော်……..။

2 comments:

  1. ခံစားချက်ရှိမှ လူပီသမှာပေါ့ ညီမလေးရယ်..။
    လွမ်းချင်ရင် လွမ်းပစ်လိုက်။ ငိုချင်ရင် ငိုပစ်လိုက်၊ ထုချင်တဲ့ သူငယ်ချင်းဆိုရင် (သံဃောဇဉ်အရှိန်နဲ့) ထုသာပစ် ကြားလား..။ မြှောက်ပေးသွားတယ်.။

    ReplyDelete
  2. မှန်ပါ့ဗျား... လူပီသအောင် သံယောဇဉ်လေး မပြတ်စေနဲ့ပေါ့... :P.. (ဒါနဲ့ စာတွေတအားရှည်သလိုပဲ... ဟီးဟီး...)

    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete

ဒီပို့စ်လေးကို ဖတ်ပြီးတဲ့အခါ ခံစားချက်လေးတွေ ၊ထင်မြင်ချက်လေးတွေ မျှဝေခဲ့ကြပါနော်။
အားလုံးကို ကျေးဇူးတင်လျှက်
ချင်းတွင်းသူ