Monday 10 May 2010

နှိုင်းလို့မယှဉ်သာ မေမေ့မေတ္တာ

သမီးလား၊သား ခွဲခြားမသိခင်

ချိန်တွင်ကစ၊ဂရုစိုက်ကာ

ဝမ်းတွင်လွယ်ထား၊သန္ဓေသားကို

ကျန်းမာစေရန်၊စိတ်ရည်သန်လျှက်

နေထိုင်သွားလာ၊စားသောက်တာကို

ဆင်ခြင်ခဲ့တဲ့ မေမေ။

ထိုမှတဖန်၊မွေးပြီးပြန်လည်း

သမီး၊သားကိုလူလားမြောက်ရန်

ဆုံးမသွန်သင်၊ကျွေးမေွးပြန်၏။

လက်ဦးဆရာမည်ထိုက်ပေသော မေမေ။

အရွယ်ရောက်လာ၊ချိန်ခါတွင်လည်း

ပညာရရန်၊စိတ်ရည်သန်လျှက်

သင့်ရာအပ်ပို့ခဲ့တဲ့ မေမေ။

ပညာပြည့်စုံ၊ကုံလုံနေလည်း

သမီး၊သားအတွက်၊ အမြဲတွေးလျှက်

ကျေနပ်တခါ၊ပူပင်တလှည့်

ရှိနေတတ်ခဲ့တဲ့ မေမေ။

သမီး၊သားက အတောင်စုံလို့၊ပျံချိန်ရောက်လည်း

ပီတိဖြာကာ၊၀မ်းသာလျှက်

လိုအပ်ချက်တွေက်ုဖြည့်ဆည်းပေးချင်နေတဲ့ မေမေ။

ကြီးမားလှတဲ့၊မေ့မေတ္တာကို

ကမ္ဘာမိုးမြေ အနှံ့ဖွေကာ၊နှိုင်းယှဉ်စရာ

ရှာကြည့်ပြန်လည်း၊မှီသည့်အရာ

မရှိနိုင်ပါ။

မေမေ့မေတ္တာတရားကားဘယ်အရာနဲ့မှတုနှိုင်းမယှဉ်သာပါ။

(ကမ္ဘာ့ အမေများနေ့ အမှတ်တရ)

1 comment:

  1. ဘာကဗျာ အမျိုးအစားလဲဟင်။ အရမ်းကောင်းလွန်တော့ ကွက်တိဒက်ထိပဲ။ အမေများအတွက်ရေးပြီးရင် အဖေများအတွက်ပါရေးအုံးနော်။ စောင့်ဖတ်နေမယ်။ စာရေးသူ၊ စာဖတ်သူများ အတွက် ကံကောင်းသောကံများ ဆင့်ကဲရောက်ပါစေ

    ReplyDelete

ဒီပို့စ်လေးကို ဖတ်ပြီးတဲ့အခါ ခံစားချက်လေးတွေ ၊ထင်မြင်ချက်လေးတွေ မျှဝေခဲ့ကြပါနော်။
အားလုံးကို ကျေးဇူးတင်လျှက်
ချင်းတွင်းသူ