Monday 26 April 2010

ပစ္စည်းတိုင်းရဲ့ကိုယ်ပိုင်တန်ဖိုး

နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ကျွန်မတို့မြို့ရဲ့စည်ကားလှတဲ့သီတင်းကျွတ်ဘုရားပွဲတော်ကို မြို့သူမြို့သားတွေကလည်း မဆင်နွှဲလိုက်ရရင် ခေတ်မမီတော့သလို ခံစားကြရတယ်။ဒီမြို့သူတစ်ယောက်ဖြစ်တဲ့ ကျွန်မလည်း နှစ်စဉ်ဆင်နွှဲနေကြပေါ့။ဘုရားပွဲတော်က အနည်းဆုံး(၁၅)ရက်လောက်ကြာပါတယ်။ဒီဘုရားပွဲတော်ကိုနယ်စုံကဈေးသည်တွေကကုန်ပစ္စည်းမျိုးစုံလာရောက်ရောင်းချကြသလို ကျွန်မတို့မြို့နားနီးတဲ့ကျေးရွာစုံကလူတွေလာရောက်ဆင်နွှဲကြပါတယ်။ရောင်းချတဲ့ပစ္စည်းတွေကလည်း ကလေးကြိုက်၊လူကြီးကြိုက် မျိုးစုံပေါ့။အဓိကပြောချင်တာကတော့ဘုရားပွဲတော်အကြောင်းထက်ဘုရားပွဲဈေးသွားရင်း ရရှိခဲ့ရတဲ့ခံစားမှုလေးတစ်ခုပါ။

ဘုရားပွဲတော်ဆိုတော့လူမျိုးစုံလာကြတာပေါ့။ကျွန်မလည်းဘုရားပွဲဈေးလျှောက်ရင်းလူမျိုးစုံရဲ့ပြောစကားတွေ၊ဝေဖန်မှုတွေကိုကြားတော့မသိစိတ်ကအလိုလိုနားထောင်မိနေပြီးခံစားမှတတ်သားနေမိတယ်။ကလေးကစားစရာအရုပ်ဆိုင်တစ်ဆိုင်ရဲ့ရှေ့ရောက်တော့အမျိုးသမီးကြီးတစ်ယောက်ပြောနေတဲ့စကားကိုကြားမိသလိုဈေးရောင်းတဲ့သူရဲ့မကြားနိုးနားပြောတဲ့စကားကိုလည်းကြားမိလိုက်တယ်ရှင့်။အဲဒါကတော့

ဈေးဝယ်အမျိုးသမီး။ ”သားငယ် ဒီအရုပ်ကဈေးပေါတယ် မယူနဲ့နော်။

သားလိုချင်ရင်ဒီလိုပုံစံ ဒီထက်ဈေးကြီးပြီးကောင်းတာဝယ်ပေးမယ်”

အမျိုးသမီးကြီးကပြောလည်းပြောရင်းထွက်သွားတာပေါ့။ကျွန်မလည်းထူးဆန်းတဲ့အရာမဟုတ်ဘဲနဲ့ကို အဲဒီအမျိုးသမီးနောက်ကိုအာရုံကပါသွားတယ်။အဲလိုပါသွားလို့လည်းကျွန်မမှာခံစားမှုလေးတစ်ခုရလာတာပေါ့။အဲဒီလိုနဲ့ဘဲ ခုန ဈေးဝယ်အမျိုးသမီးကြီးကနောက်ထပ်တစ်ဆိုင်ရောက်တော့သူ့သားလေးလိုချင်တဲ့အရုပ်လေးကိုတွေ့သွားသလိုဝယ်လည်းပေးလိုက်တယ်။အဲဒီအရုပ်ကအရင်ဆိုင်မှာတွေ့ခဲ့တဲ့အရုပ်နဲ့တပုံစံတထေရာတည်းဘဲ။ဒါပေမယ့်ကွာခြားတာတစ်ခုတော့ရှိတယ်။အဲဒါကတော့ဒီဆိုင်မှာက အဲဒီအရုပ်မျိုးကနည်းနည်းတွေ့ရပြီး ဆိုင်ရှင်ကလည်းဈေးတင်ပြီးရောင်းထားတာလေ။ဒါပေမယ့်လူ့သဘောကိုကပေါပေါများများတွေ့နေရရင်ဘဲတန်ဖိုးမရှိတော့သလို၊တန်ဖိုးနည်းသလိုထင်တတ်ကြတယ်။ဒီနေရာမှာမှ အရင်ဆိုင်ရှင်ပြောတဲ့စကားကိုထောက်ခံမိတော့တယ်။ဘာပြောသလဲဆိုရင်

ဆိုင်ရှင်။ ”လူတွေများပစ္စည်းများများတင်ထားပြီးဈေးမှန်နဲ့ရောင်းတော့တန်ဖိုးနည်းတယ်ထင်ကြတယ်။”(တန်ဖိုး=ပစ္စည်းအရည်အသွေး)

အစကတော့ဒီဈေးသည်သူ့ပစ္စည်းမ၀ယ်လို့အပြစ်တင်စကားဆိုတယ်လို့ထင်ခဲ့မိတာ။နောက်တော့မှသူ့စကားမှန်ပါလားလို့ကောက်ချက်ချမိတယ်။ဘာလို့လဲဆိုတော့ဈေးဝယ်အမျိုးသမီးကြီးဝယ်လိုက်တဲ့အရုပ်ကသူ့ဆိုင်ကအရုပ်နဲ့တူပေမယ့်အဲဒီဆိုင်မှာကအရုပ်တွေကအများကြီးရှိနေတဲ့အပြင်ဈေးကလည်းချိုနေသေးတယ်လေ။ကျွန်မလည်းဘုရားပွဲဈေးကိုလည်နေရပေမယ့်ဆိုင်ရှင်ဈေးသည်ပြောတဲ့စကားကိုဘဲကြားယောင်နေမိသလိုအတွေးတခုလည်းဝင်လာခဲ့တယ်”သြော်….လူတွေက ပေါပေါများများရတတ်တဲ့ပစ္စည်းဆိုရင်တန်ဖိုးမထားတတ်ကြပါလား…။ဒါပေမယ့်ပစ္စည်းတိုင်းမှာသူ့တို့ရှိထိုက်တဲ့တန်ဖိုးလေးတွေရှိနေကြတယ်လို့….ပေါ့။

(မှတ်ချက်။ ။လူတိုင်းကိုဆိုလိုခြင်းမဟုတ်ပါ။ဖြစ်တတ်သောလူ့သဘောလေးကိုဖော်ပြလိုသောဆန္ဒသက်သက်သာဖြစ်ပါသည်။)

3 comments:

  1. လူ့သဘောက ဒီလိုပါပဲဗျာ.... ဖတ်ဖူးလား.. လက်ဖက်ခြောက်ဇာတ်လမ်း..... နောက်မှ ရေးတင်တော့မယ်......း)))))

    ReplyDelete
  2. ဖြစ်တတ်တဲ့ လူ့သဘာဝလေးပါ။ ဈေးအမြတ်ကြီးစားတဲ့လူတွေရှိပေမယ့် သူဘက်ကိုယ့်ဘက်မျှမျှတတ ရောင်းချတတ်တဲ့ ဆိုင်ရှင်တွေလည်း ရှိပါတယ်။ အချိုဈေးဝယ်သူတွေက အ လိမ်ခံရမှာ ကြောက်ကြတာလည်းပါပါတယ်။ ဒါကြောင့် ဈေးချိုတာတောင် အတု မို့လို့ဆိုတဲ့ အစွဲတွေ ရှိကုန်ကြတာပါ

    ReplyDelete
  3. It is very simple way of life. But you can create it figuratively. You can figure what you want to mean. Please try to create more and more.

    ReplyDelete

ဒီပို့စ်လေးကို ဖတ်ပြီးတဲ့အခါ ခံစားချက်လေးတွေ ၊ထင်မြင်ချက်လေးတွေ မျှဝေခဲ့ကြပါနော်။
အားလုံးကို ကျေးဇူးတင်လျှက်
ချင်းတွင်းသူ