Saturday 11 December 2010

နိယာမ

သက်ရောက်မှုတိုင်း၊
တန်ပြန် သက်ရောက်မှုရှိတယ်လို့ သူတို့တွေက ပြောကြတယ်။
ကိုယ်ကပြုံးပြလျှင် သူပြုံးပြတယ်။
ကိုယ်ကမဲ့တော့ သူပြန်မဲ့တယ်တဲ့။
ကိုယ်ကချစ်နေပေမယ့် သူပြန်မချစ်တော့....
ဘာနိယာမလို့ ခေါ်ကြမလဲဗျာ....။

8 comments:

  1. အဲဒါ အုံ့ပုန်းချစ်လို့ခေါ်တယ်... :P

    ReplyDelete
  2. ခြင်းထွင်းသူလေး၏ နိယာမ ပေါ့။ နာမည်လေး လှလားးး))
    သူချစ်ချစ်မချစ်ချစ်ပေါ့..အစ်မကတော့ ညီမလေးကို ချစ်ပြီးသားပါ။
    ဒီလောက် သဘောဖြူတာကို။ နော် ဟုတ်လား တိတ်တိတ်..။

    Blogမှာ sign in ၀င်ပြီးရင်..
    Dashboard> settings> comment> show word verification for comments မှာ no ကို select လုပ်လိုက်ပါ ညီမလေး

    ReplyDelete
  3. အစ်မက နာမည်လှလှလေးတွေလည်း ပေးတတ်တယ်နော်။ အခုလို အစစအရာရာ ပြောပြပေးလို့လည်း ကျေးဇူးပါနော် အစ်မ။
    @နေ၀သန်.. အဲလိုခေါ်သလား????။ အစ်မက မသိလို့လေ။

    ReplyDelete
  4. ၀ိုင်းဝိုင် ရဲ့ အမှိုက် သီးချင်းမှာ နယူတန်း လို့ပြောဒါဘဲ

    ReplyDelete
  5. ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ
    ကိုယ့်အချစ်တွေလိုနေသေးလို့ ပေါ့ ကွယ်။
    ( အချစ်ဆိုတာဘာလဲ ဇတ်သိမ်းသွားပြီ ---လို့ လာပြောသွားသည် )

    ReplyDelete
  6. တဘက်သတ် နိယာမလို့ ထင်ကြောင်း...

    ReplyDelete
  7. ကိုယ်ကချစ်ပေမယ့် သူပြန်မချစ်တော့ သက်ရောက်မှု မရှိသော နိယာမလို့ ထင်ကြောင် ... :)

    ReplyDelete
  8. ဒါက တဖက်သတ် နိယာမပေါ့း)

    ReplyDelete

ဒီပို့စ်လေးကို ဖတ်ပြီးတဲ့အခါ ခံစားချက်လေးတွေ ၊ထင်မြင်ချက်လေးတွေ မျှဝေခဲ့ကြပါနော်။
အားလုံးကို ကျေးဇူးတင်လျှက်
ချင်းတွင်းသူ